The Man with Two Brains
ဇနီးသည် ဆုံးပါးသွားလို့ မုဆိုးဖိုဖြစ်ခါစ ဦးနှောက်ခွဲစိတ်ဆရာဝန်တစ်ယောက်ဟာ အမျိုးသမီးတစ်ယောက်ကို ကားနဲ့ တိုက်မိသွားပါတယ်။ ဦးခေါင်းဒဏ်ရာရသွားတဲ့ သူ့ကို ဆရာဝန်က ကိုယ်တိုင်တီထွင်ထားတဲ့ ခွဲစိတ်နည်းနဲ့ အသက်ကယ်ပေးလိုက်တယ်။ အမျိုးသမီး သတိပြန်ရလာတဲ့နောက်မှာတော့ သူ့စရိုက်အမှန်ကို မသိသေးဘဲ ချစ်မိသွားပြီး လက်ထပ်လိုက်ပါတယ်။ သူတို့နှစ်ယောက် ဩစတြီးယားနိုင်ငံကို ပျားရည်ဆမ်းခရီး ထွက်လာကြရင်း ဆရာဝန်က ထူးဆန်းတဲ့ ဆရာဝန်တစ်ဦးနဲ့ ဆုံမိတယ်။ စကားပြောမိရာကနေ ထူးခြားတဲ့ လူသတ်မှုတွေအကြောင်းနဲ့ အသတ်ခံလိုက်ရတဲ့ သူ့သူငယ်ချင်းဆရာဝန်အကြောင်းကို သိလာရသလို စကားပြောတတ်တဲ့ ဦးနှောက်တစ်လုံးနဲ့လည်း တွေ့သွားပါတယ်။ တစ်ဖက်မှာလည်း ဇနီးဖြစ်သူရဲ့ စရိုက်အမှန်ကို သိလာတဲ့အခါ သူ ဘယ်လိုဆက်ဖြေရှင်းမလဲဆိုတာကို ထေ့လုံးငေါ့လုံးတွေပါတဲ့ သိပ္ပံစိတ်ကူးယဉ်ဟာသအဖြစ် ရိုက်ထားတာပါ။ အဝတ်အစားမပါတဲ့ ပြကွက်တွေနဲ့ လိင်ပိုင်းဆိုင်ရာ စကားအသုံးအနှုန်းတွေ ပါဝင်တာကြောင့် ကလေးတွေအတွက် မသင့်တော်ပါဘူး။
ဇာတ်လမ်းအကြောင်း