ဇာတ်ကားများ ရွေးရန်

Defendor

2009ဇာတ်ကားအမှတ် 6.4/10101 မိနစ်

အာသာပေါ်ပင်တန်က နေ့ဘက်မှာ ဆောက်လုပ်ရေးအလုပ် လုပ်ပြီး ညဘက်ရောက်ရင် Defendor ဆိုတဲ့ စူပါဟီးရိုးအဖြစ် အသွင်ယူသူပါ။ ရုပ်ပြထဲက စူပါဟီးရိုးတွေကို အားကျလွန်းလို့ သူ့နည်းသူ့ဟန်နဲ့ ဒုစရိုက်သမားတွေကို လိုက်နှိမ်နင်းနေတာဖြစ်ပါတယ်။ ဘတ်မန်းနဲ့ အိုင်းရွန်းမန်းတို့လို ဘီလျံနာသူဌေးဖြစ်ဖို့ ဝေးစွ၊ အာသာမှာ နေစရာအိမ်တောင် မရှိပါဘူး။ သူ့မှာရှိတာက ရိုးသားကြင်နာတဲ့စိတ်နဲ့ စူပါဟီးရိုးဖြစ်ချင်တဲ့ ဆန္ဒပါပဲ။ သူများကို ကူညီဖို့ ကြိုးစားနေပေမယ့် အာသာကိုယ်တိုင်ကတော့ မကြာခဏ ခံနေရသူပါ။ တစ်နေ့မှာ ကတ်ဆိုတဲ့ ကောင်မလေးနဲ့ ဆုံပြီး သူလိုက်ရှာနေတဲ့ ဗီလိန်ဟာ မြို့ရဲ့မူးယစ်ရာဇာဖြစ်ကြောင်း သိလိုက်ရတဲ့အခါ ကိုယ်တိုင်သွားရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အာသာရဲ့ လူသားဆန်တဲ့စိတ်နဲ့ အလွဲတွေကို ဟာသနှောထားတဲ့ ဒီဇာတ်ကားမှာ Woody Harrelson၊ Kat Dennings နဲ့ Sandra Oh တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း