ဇာတ်ကားများ ရွေးရန်

Karwaan

2018ဇာတ်ကားအမှတ် 7.2/10125 မိနစ်

Bollywood ပရိသတ်တွေအတွက် မင်းသားကြီး အစ်ဖန်းခန်း(မ်)ရဲ့ ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် IMDb 8/10 နှင့် Rotten 71%ထိရရှိထားပြီး အမှန်အကန် ဟာသ, ဒရာမာ ဇာတ်လမ်းကောင်း တစ်ပုဒ်လည်းဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ ... အဗီနက်(ရှ်) လောကမှာ ဆန္ဒနဲ့ဘဝတစ်ထပ်တည်းကျတယ်ဆိုတာ အင်မတန်ပြီးပြည့်ဆုံတဲ့ တောင်းဆုတစ်ခုမဟုတ်လား ဒါပေမဲ့ ကံကြမ္မာမျက်နှာသာမပေးတဲ့အခါတွေမှာ ကိုယ့်ဆန္ဒတွေ ဝါသနာတွေကို ဘေးချထားပြီး ပျော်ရာမနေ တော်ရာမှာနေရတဲ့သူတွေ ဒုနဲ့ဒေးပါ ဝါသနာပါရာကိုလျှောက်လှမ်းခွင့်မပြုခဲ့တဲ့အဖေကြောင့်စိတ်မပါတဲ့အလုပ်တစ်ကိုလုပ်လူသာရှင်ပြီး ဘဝသေဆုံးသူတစ်ယောက် မျက်နှာအပျော်အပြုံးဆိုတာ မမြင်ရသလောက်ပဲ တနေ့အလုပ်ကအပြန်မှာ ဖုန်းတစ်ခုဝင်လာခဲ့တယ် သူ့အဖေ ဘုရားဖူးသွားရင်း ယာဉ်မတော်တဆမှုကြောင့် ဆုံးသွားပြီတဲ့ အလောင်းကို နီးစပ်ရာလေယာဉ်ကွင်းကာဂိုမှာ သွားထုတ်လိုက်ပါဆိုပြီး လှမ်းပြောခဲ့တယ် ... ရှောကတ် ပျော်ပျော်နေတတ်ပြီး ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေသူ အဗီနက်(ရှ်)ရဲ့ သူငယ်ချင်း သူ့အဖေသတင်းကို ရှောကတ်ကိုပြောပြပြီး ဗန်ကားလာဌားတဲ့ အဗီနက်(ရှ်)ကို မင်းအဖေက ငါ့အဖေပါပဲဆိုပြီး ကိုယ်တိုင် အလောင်းသယ်ဖို့ နှစ်ယောက်သား သွားခဲ့ကြတယ် အဲဒီမှာပြဿနာတစ်ခုတက်တော့တာပဲ အလောင်းသွားထုတ်တဲ့အချိန်မှာ အဗီနက်(ရှ်)အဖေရဲ့ အလောင်းမဟုတ်ဘဲ အမျိုးသမီးအလောင်းကြီး တစ်ခုဖြစ်နေတယ် အဗီနက်(ရှ်)အဖေရဲ့အလောင်းကမှားပြီး ကိုချီကိုရောက်သွားပြီး ကိုချီကအဖွားကြီးတစ်ယောက် အလောင်းက သူ့ဆီရောက်လာတယ် မှားသွားတဲ့အလောင်းအတွက် အလောင်းလဲလှယ်ရေးလုပ်ဖို့ အဗီနက်(ရှ်)နဲ့ ရှောကတ်တို့ ခရီးထွက်ခဲ့ကြတဲ့အခါမှာတော့ ဘယ်လို အခက်အခဲတွေ၊ အလွဲလွဲတွေနဲ့ ကြုံတွေ့ရဦးမလဲဆိုတာကိုတော့ ဆက်လက်ရှု့စားလိုက်ကြပါခင်ဗျ တမူထူးခြားတဲ့ဇာတ်လမ်းလေးကို ဟာသ၊ ဒရာမာ အချိုးကျကျပေါင်းစပ်ထားတဲ့ ဘောလီဝုဒ်ကားကောင်း တစ်ကားဖြစ်ကြောင်း ပြောကြားရင်းနဲ့ပဲ ... (ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ) File Size : (900 MB) Quality : WEB-DL 720p Running Time : 1hr 54min Format : Mkv Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.H264.AAC2.0.DTOne Translated by Zaw Htoo Encoded by Thanhtike Zaw

ဇာတ်လမ်းအကြောင်း