Angel Heart
အလွတ်စုံထောက် ဟားရော့ဒ်အိန်ဂျယ့်ဆီကို လူးဝစ်ဆိုင်ဖရာဆိုတဲ့ အမှုသည်တစ်ယောက် ရောက်လာပြီး လူပျောက်ရှာပေးဖို့ အပ်ပါတယ်။ ရှာရမယ့်သူက ဂျွန်နီဖေးဘရစ်ဆိုတဲ့ အဆိုတော်ပါ။ ဓာတ်ပုံမရှိ၊ နေရပ်လိပ်စာမသိဘဲ နောက်ဆုံးတက်ခဲ့တဲ့ ဆေးရုံလိပ်စာတစ်ခုသာ ရထားတော့ အဲဒီသဲလွန်စကနေ စရှာရတယ်။ အိန်ဂျယ်ဟာ ဂျွန်နီနဲ့ သိကျွမ်းခဲ့သူတွေကို တစ်ယောက်ပြီးတစ်ယောက် လိုက်တွေ့ပြီး မေးမြန်းပါတယ်။ စုံစမ်းလေလေ ဒီအမှုဟာ ရိုးရိုးလူပျောက်မှုတစ်ခု မဟုတ်တာကို သိလာရတယ်။ မှော်နက်ပညာ၊ စုန်းကဝေအတတ်တွေနဲ့ ဆက်စပ်နေတဲ့အပြင် သူတွေ့ဆုံမေးမြန်းခဲ့သူတွေမှာပါ မထင်မှတ်တဲ့ အဖြစ်ဆိုးတွေ ကြုံလာကြပါတယ်။ အဲဒီအဖြစ်ဆိုးတွေက သူ့ဆီကိုပါ ဆက်နွယ်လာတဲ့အခါ အိန်ဂျယ်ကိုယ်တိုင်လည်း ဘေးကင်းတဲ့နေရာမှာ မရှိတော့ဘူး။ သူ ဒီအန္တရာယ်တွေက လွတ်နိုင်ပါ့မလား၊ ဂျွန်နီဖေးဘရစ်ကိုရော ရှာတွေ့နိုင်မလား၊ စုံစမ်းရင်း သိလာရမယ့် အမှန်တရားက ဘာဖြစ်မလဲဆိုတဲ့ မေးခွန်းတွေ ကျန်နေပါတယ်။ Alan Parker ရိုက်ကူးထားတဲ့ ဒီလျှို့ဝှက်သည်းဖိုနဲ့ စိတ်ပိုင်းဆိုင်ရာထိတ်လန့်ဇာတ်ကားမှာ သွေးထွက်သံယိုခန်းတွေနဲ့ အရွယ်ရောက်သူတွေအတွက်သာ သင့်လျော်တဲ့အခန်းတွေ ပါဝင်ပါတယ်။
ဇာတ်လမ်းအကြောင်း