ဇာတ်ကားများ ရွေးရန်

Red Dragon

2002ဇာတ်ကားအမှတ် 7.0/10124 မိနစ်

IMDb Rating – 7.2/10 ခေါင်းစားပြီး စိတ်ပညာမှုခင်းဇာတ်ကားတွေကြိုက်တဲ့လူတွေအတွက်တော့ အကြိုက်ဖြစ်စေမယ့် ဇာတ်ကားတစ်ခုပါ အဓိက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Anthony Hopkin & Edward Norton တို့နှစ်ယောက်ရဲ့ Chemistry မိမိနဲ့ သရုပ်ဆောင်မှုတွေကို တဝကြီးကြည့်ရမှာပါ။ ဇာတ်လမ်းအညွှန်း ဝယ် ဂရေဟမ်ဟာ FBI Agent တစ်ယောက်ဖြစ်ပြီး မှုခင်းတွေစုံစမ်းတဲ့နေရာမှာ သူမတူတဲ့ ဖြတ်ထိုး ဉာဏ်တွေးခေါ်မှုတွေအမှုပေါင်းများစွာကို ဖော်ထုတ်ခဲဲ့တဲ့လူတစ်ယောက်ပါ။ မှုခင်းစုံစမ်းရေးတွေမှာ သူ့ကိုကူညီနေတဲ့ စိတ်ပညာရှင် ဟန်နဘယ် လက်တာဆိုတာ FBI ကိုအိပ်ကပ်ထဲထည့်ထားပြီး တစ်ဖက်မှာ လူပေါင်းများစွာကို သွေးအေးအေးနဲ့သတ်ပြီး ခန္တာဗေဒကိုလေ့လာနေတဲ့ ကြောင်သူတော်တစ်ယောက်လို့ ပြောရမယ် ။ အကြောင်းစုံကိုသိသွားတဲ့ ဂရေဟမ်က ဟန်နဘယ်လက်တာကို ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ပြီး သူ့ရဲ့ FBI Agent ဘဝကိုလည်း ပြည်ဖုံးကားချလိုက်ပါတော့တယ် ။ နှစ်ပေါင်းများစွာကြာတဲ့အခါ ကိစ္စတွေက မပြီးသွားပဲ လက်တာလိုမျိုး အရမ်းထူးခြားတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ပေါ်လာခဲ့တာကြောင့် ဂရေဟမ် , လက်တာ နှစ်ယောက်ပေါင်းကာ အဲ့ဒီလူသတ်ကောင်ကို ထပ်မံဖမ်းဆီးရပါတော့တယ်။ အခန်း တိုင်းမှာ လျှိ့ကွက်လေးတွေရှိနေပြီး Genius 3 ယောက်ရဲ့ အားပြိုင်မှု စိန်ခေါ်မှုတွေနဲ့ လူသတ်မှုကို တစ်စတစ်စချင်းစီဖော်ထုတ်သွားတဲ့အချက်က ဟာကနဲတွေဖြစ်သွားမှာပါ၊ (ဒီဇာတ်ကားနဲ့ အညွှန်းနဲ့ဘာသာပြန်ဆိုသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။) Quality – 1080p, 720p BluRay 5.1CH Duration – 1hr 24min Subtitle – Myanmar Hardsub Format – Mp4 Genre : Crime, Drama, Thriller Source : 1080p.BluRay Translator – Thiha Yan naing Encoder – SWM

ဇာတ်လမ်းအကြောင်း