Back To The Tomorrow
ပေါင်ကျန့်ဟာ ကိုယ့်ကိုယ်ကို ကံဆိုးသူလို့ သတ်မှတ်ထားပြီး ဘာကိုမှ အလေးအနက်မထားဘဲ ကြုံရာအလုပ်လုပ်ကာ နေလာသူပါ။ အိမ်လခကိုတောင် မှန်မှန်မပေးနိုင်ဘူး။ တစ်နေ့မှာတော့ အိပ်ရာက နိုးလာတိုင်း နိုဝင်ဘာ ၁၁ ရက်ကိုပဲ ပြန်ရောက်နေပြီး အရင်နေ့က ကြုံခဲ့သမျှကို အတိအကျ ပြန်ကြုံနေရတာကို သတိထားမိလာပါတယ်။ ဒီလိုနဲ့ မပြီးနိုင်တဲ့ နိုဝင်ဘာ ၁၁ ရက်ကို နည်းမျိုးစုံနဲ့ ဖြတ်သန်းရင်း လုပ်ချင်တာတွေ လုပ်ကြည့်တယ်။ နေ့တစ်နေ့ကို ထပ်ခါထပ်ခါ ဖြတ်သန်းရတဲ့အခါ သူလွဲချော်ခဲ့တဲ့အရာတွေ၊ အထင်လွဲခဲ့တာတွေကိုလည်း တဖြည်းဖြည်း နားလည်လာပါတယ်။ အဲဒီနေ့ကို ပိုကောင်းအောင် ကြိုးစားနေရင်း ညရောက်ရင် နှလုံးရောဂါနဲ့ သေဆုံးရမယ့် ကလေးတစ်ယောက်ရှိတာကို သိသွားတယ်။ ကလေးရဲ့ကံကြမ္မာကို ပြောင်းလဲမပေးနိုင်တဲ့ ပေါင်ကျန့်ဟာ မသေဆုံးခင် ဖြည့်ဆည်းချင်တဲ့ ဆန္ဒတွေကို တတ်နိုင်သမျှ ဖြည့်ပေးဖို့ ကြိုးစားပါတော့တယ်။ နေ့တစ်နေ့တည်းကို လူသားချင်းစာနာစိတ်နဲ့ အကြိမ်ကြိမ်ဖြတ်သန်းနေရတဲ့ သူ့အတွက် မနက်ဖြန်ကို ဘယ်လိုရောက်နိုင်မလဲဆိုတာကလည်း မဖြေရှင်းနိုင်သေးတဲ့ မေးခွန်းပါ။
ဇာတ်လမ်းအကြောင်း