ဇာတ်ကားများ ရွေးရန်

Ghost Ship

2002ဇာတ်ကားအမှတ် 5.9/1091 မိနစ်

IMDb 5.5 ရထားတဲ့ Horror ရုပ်ရှင်ကားကောင်းတစ်ခု ဖြစ်ပါတယ်... သမားရိုးကျ အိမ်အိုတစ်လုံးအတွင်း သရဲခြောက်တာတွေ သရဲပူးတာတွေ ကို ကြည့်ရတာ ရိုးလာတဲ့သူတွေအတွက် ထိတ်လန့် ခြောက်ခြားတာကိုမှ ကြိုက်နှစ်သက်သူတွေ အတွက် ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင် ကားကောင်းတစ်ခုဖြစ်ပါတယ် ဇတ်လမ်းပုံစံကတော့ ပင်လယ်အတွင်း ပိုင်ရှင်မရှိသော သင်္ဘောတွေကို ဆယ်ယူပြီး ပြန်ရောင်းကာ ဝေစုခွဲယူကြတဲ့ ရှာဖွေရေး အဖွဲ့တစ်ခု ရှိပါတယ် ခေါင်းဆောင် မာဖီ က ဦးဆောင်ပြီး အတော်ဆုံး လူတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်.. တစ်ရက်မှာတော့ သူတို့ အဖွဲ့ ၆ လ အကြာ ပင်လယ်ပြင်တွင် အချိန်ကုန်ခံရှာဖွေခဲ့တဲ့ သင်္ဘောတစ်စီး အတွက် ဘား မှာ အောင်ပွဲခံ သောက်နေကြတုန်း လူငယ်တစ်ယောက်က သူတို့ အဖွဲ့ကို ပျောက်ဆုံးနေသော မှော်ဆန်တဲ့ သင်္ဘောကြီး တစ်ခုအကြောင်း သတင်းလာပေးပါတယ်.. ထို သင်္ဘေၤာကြီးမှာ ကမ္ဘာပေါ်တွင် ချမ်းသာကြွယ်ဝသော လူအချို့နှင့်ဝန်ထမ်း အားလုံးပေါင်း ၆၀၀ ကို တင်ဆောင်ပြီး အကြောင်းကိစ္စ တစ်စုံတစ်ရာ မသိရပဲ သတင်းမကြားရပဲ ပျောက်ဆုံးသွားတဲ့ သင်္ဘောကြီး ဖြစ်နေပါတယ် နစ်မြုတ်သွားတယ်လို့လဲ မသိရ အကျော်ကြားဆုံး ရှာဖွေရေး အဖွဲ့အစည်းတွေကတောင် ရှာမတွေ့ခဲ့တဲ့ သင်္ဘောကြီး အဖြစ် မှတ်တမ်း တင်ထား၍ ၎င်းတို့ အဖွဲ့လဲ လူငယ်ဖြစ်သူနှင့် ရာခိုင်နှုန်း ခွဲဝေယူရန် ကတိပေးလိုက်ပြီး သင်္ဘောကြီးကို စတင်ရှာဖွေပါတော့တယ်.... ထို သင်္ဘောကြီးမှာ သူတို့ ထင်ထားခဲ့သလို ရိုးရှင်းလှသော အရာတစ်ခုမဟုတ်ပဲ ရက်စက်မှုတွေ လျို့ဝှတ်မှုတွေ သစ္စာဖောက်မှုတွေ နဲ့ ကျိန်စာသင့်ပြီး မလွတ်မြောက်နိုင်သော ဝိဉာဉ်များ ရဲ့ ခိုအောင်းရာ နေရာတစ်ခုဆိုတာကို မသိခဲ့သောအခါ... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးသူကတော့ CM Translator တစ်ဦး ဖြစ်သူ Kaung Myat Thu ပဲ ဖြစ်ပါတယ်... (Thit San Khant)

ဇာတ်လမ်းအကြောင်း