ဇာတ်ကားများ ရွေးရန်

Joe's Apartment

1996ဇာတ်ကားအမှတ် 5.6/1077 မိနစ်

ဂျိုးဟာ အိုင်အိုဝါနယ်သားလေးတစ်ယောက်ဖြစ်ပြီး အလုပ်ရှာဖို့ ရည်ရွယ် ချက်နဲ့နယူးယောက်ကိုတက်လာခဲ့တာဖြစ်ပါတယ်။ ရောက်ကတည်းက မြို့ကြီးသားတွေပညာပြတာကို အလီလီခံနေရပြီး အိမ်ကိုငွေပြန်ပို့ဖို့နေ နေသာ တစ်ချိန်လုံး သူ့အမေဆီကပဲချေးနေရပါတယ်။ နေဖို့ထိုင်ဖို့အတွက် ကျောတစ်ခင်းစာနေရာလိုက်ရှာရင်း ဆင်းရဲသားရပ်ကွက်ထဲက တစ်ခု တည်းကျန်နေတဲ့ တိုက်ကြီးတစ်လုံးက အခန်းတစ်ခန်းကိုစျေးချိုချိုနဲ့ရ ခဲ့ပါတယ်။ တကယ်တော့ သူရသွားတဲ့တိုက်ခန်းနေရာကို လွှတ်တော်အမတ် ဒေါ်ဂါ တီက ထောင်ကြီးတစ်လုံးတည်ဆောက်ဖို့ရည်ရွယ်နေတာဖြစ်ပြီး နေထိုင် သူတွေကိုလူဆိုးတွေနဲ့ခြိမ်းခြောက်မောင်းထုတ်လေ့ရှိပါတယ်။ဂျိုးရောက် အပြီးမကြာခင်မှာပဲ သူ့ကိုခြိမ်းခြောက်ဖို့လာတဲ့ လူဆိုးနှစ်ယောက်ကို တိုက်ခန်းထဲမှာရှိတဲ့ ဂျိုးရဲ့အခန်းဖော်တွေက ပညာပြလွှတ်လိုက်တဲ့အတွက် အလဲလဲအကွဲကွဲထွက်ပြေးသွားကြရပါတယ်။ အဲ့ဒီအခန်းဖော်တွေကတော့ သူ့အရင်အစဉ်အဆက်နေထိုင်ခဲ့ကြတဲ့ ပိုးဟပ် တွေဖြစ်ပြီး အဲ့ဒီပိုးဟပ်တွေအကုန်လုံးက စကားပြောတတ်ပါတယ်။ သူတို့ လိုပဲ ညစ်ပတ်ပျင်းရိတဲ့ ဂျိုးကို ချက်ချင်းသဘောကျသွားပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ ကမ်းလှမ်းလာချိန်မှာတော့..။ ဂျိုးတစ်ယောက်ပိုးဟပ်တွေနဲ့အတူယှဉ်တွဲနေထိုင်နိုင်သွားမလား၊ သူတို့ တိုက်ခန်းနေရာကိုလိုချင်နေတဲ့ လွှတ်တော်အမတ်နဲ့ တပည့်လူဆိုးတစ်သိုက် ကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ၊ အစရှိတာတွေကို ဇာတ်ကားထဲမှာဆက်ပြီး အဖြေရှာလိုက်ကြပါ။တစ်ကားလုံးခွီနေရတဲ့ဇာတ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size..........(1.66 GB) / (986 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 20Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Fantasy, Musical Translator.......Alias Encoder..........SWM

ဇာတ်လမ်းအကြောင်း