Love Today
၂၀၂၂ ခုနှစ်ထွက် တမီးလ်ရုပ်ရှင် Love Today က ချစ်သူနှစ်ယောက်ကြားက ယုံကြည်မှုကို ဖုန်းတစ်လုံးစီနဲ့ စမ်းသပ်ကြည့်တဲ့ ဇာတ်လမ်းပါ။ ချစ်သူတွေဟာ တွဲလာတာကြာရင် တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိပြီ၊ လျှို့ဝှက်ချက်မရှိဘူး၊ အပြည့်အဝယုံတယ်လို့ ပြောတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ဖုန်းနဲ့ စကားဝှက်ကိုပါ တစ်ဖက်လူဆီ အပ်ရမယ်ဆိုရင် အဲဒီယုံကြည်မှုကို သက်သေပြရဲကြပါ့မလား။ ဒီဇာတ်လမ်းထဲက ချစ်သူနှစ်ဦးလည်း အချင်းချင်းချစ်ကြပြီး တစ်ယောက်အကြောင်းတစ်ယောက် သိကြတယ်ဆိုတာ သက်သေပြဖို့ ဖုန်းချင်းလဲသုံးခိုင်းခံရပါတယ်။ ဖုန်းကို လိုလိုလားလား လဲပေးနိုင်ကြမလား၊ ကိုယ့်ဖုန်းရဲ့ စကားဝှက်ကို တစ်ဖက်လူ မဖွင့်နိုင်အောင် ဘယ်လိုများ ကြံကြမလဲ။ ဖုန်းထဲကနေ ဘယ်လိုလျှို့ဝှက်ချက်တွေ တွေ့လာကြမလဲ၊ သိသွားတဲ့အခါမှာရော တစ်ယောက်ကိုတစ်ယောက် လက်ခံနိုင်ကြဦးမလား။
ဇာတ်လမ်းအကြောင်း