ဇာတ်ကားများ ရွေးရန်

IRL: In Real Love

2023ဇာတ်လမ်းတွဲအမှတ် 5.6/1045 မိနစ်

IRL (In Real Love) Dating Reality Show ကို စတင်မိတ်ဆက်ပေးခဲ့တဲ့ အမေရိကန်ရဲ့ Too hot too handle အောင်မြင်သွားပြီးနောက်ပိုင်း ဆက်ထွက်လာတဲ့ Love Island(Australia,Brazil) အိုပါးတွေ အိုင်ဒေါတွေ‌လို လှပချောမောတဲ့ ကိုရီးယားသား/သူလေးတွေကို ကြည့်ခဲ့ရတဲ့ Single inferno အပြီးမှာ ‌အိန္ဒိယပရိသတ်ကြီးအတွက် ညိုချောလေး ဖြူနုလေးတွေကို netflix ကနေစီစဉ်တင်ဆက်ထားပေးတဲ့ Show အသစ်လေးလာပါပြီ ဖောက်ပြန်တာတွေခေတ်စားနေတဲ့ လောကကြီးမှာ ခံစားချက်တွေမလွန်ကျူးကြခင် ကိုယ်ခန္ဓာရင်းနှီးမှုတွေမပါဘဲ ပေါ်တင်ပဲတည့်တွဲကြရင်ရော... ခေါင်းစဉ်လေးအတိုင်းပါပဲ အချစ်စစ်မှာတဲ့ အချစ်စစ်မှာဘာတွေလိုအပ်လဲ ကိုယ့်စံချိန်တွေကဘာတွေလဲ ဒါတွေဂာတစ်ခါတလေမှာ ရင်းနှီးသွားမှ ကြုံဖူးသွားကြမှသိကြတာတွေရှိပါတယ် နာမည်ကြီးမင်းသားမင်းသမီးတွေမဟုတ်ဘဲ သက်ဆိုင်ရာနယ်ပယ်တွေမှာအောင်မြင်ထင်ရှားသူတွေပါဝင်ထားတဲ့ အချစ်စစ်ကိုရှာကြသူများ ဟာသပေါ့ပါး Reality ရှိုးလေးတင်ဆက်ပေးလိုက်ပါတယ် သတ်မှတ်ထားတဲ့ အဆောက်အဦးတွေမှာခွဲနေကြတဲ့ ယောက်ျားလေးအဖွဲ့နဲ့ မိန်းကလေးအဖွဲ့ အစမှာတည်းက အားလုံးကရွေးချယ်ထားတဲ့လက်‌တွဲဖော်လုပ်ထားတဲ့ အတွဲကိုယ်စီရှိပါတယ် ဒါပေမဲ့ တခြားသူတွေနဲ့ဆိုရင်ရောဘယ်လိုနေမလဲဆိုပြီး အွန်လိုင်းကနေစတီတာကြပလီကြပေါ့ ဒီလိုနဲ့ Meet Cute ဆိုတဲ့ App လေးကအောင်သွယ်ပေးပြီး ဒီလူတွေအချင်းချင်းပဲ ကော်ဖီဒိတ်လိုက် ပန်းခြံဒိတ်လိုက် ကမ်းခြေဒိတ်လိုက် ပြန်လာရင် တီတူးခဲ့တာလေးတွေပြောလိုက်နဲ့ပေါ့ အစောကတည်းက တွဲဖက်ရွေးထားပြီးသူတွေကတော့ သူတို့ ပါတနာတခြားသူမသွားရင် ဘယ်လိုခံစားရလဲ ရင်ဖွင့်ကြ ‌ဖြေရှင်းကြပေါ့ ဒီလိုနဲ့ သူတို့တွေစတည်းကအကောင်းဆုံးဖြစ်မယ်ထင်တဲ့သူနဲ့ပဲ အဆင်ပြေမလား တခြားသောသူတွေနဲ့ပဲ စိတ်ချင်းဆက်အဆင်ပြေသွားမလားဆိုတာ အချစ်ဒဿနခံယူချက်လေးတွေ တစ်ဖြတ်တစ်ကဒ်ခံစားရင်း ရှုစားပါဦး နေပူတယ် ရင်ပူတယ် ပရိသတ်ကြီးကိုဒီထပ်ပိုမပူစေချင်လို့ အပြင်အဆင်လေးကအစမျက်စိအေးစေတဲ့ ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ ခံစားနိုင်ဖို့တင်ဆက်ပေးလိုက်ရပါတယ် ကုလားမင်းသားမင်းသမီးတွေကို ဇာတ်ကားထဲ သီချင်းထဲကြည့်ရုံနဲ့ မဝသေးတဲ့ ကိုယ်လိုလူတွေအတွက် လက်မလွှတ်တမ်းကြည့်ရှုရမယ့် dating show လေးပါလို့ လက်တို့ပေးလိုက်တယ်နော် File Size – 1.2GB / 600MB Quality – 1080p NF WEB DL  / 720p Duration –52mins Total Episodes: 10Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Reality TV~ Romance Translator – HM ~ Khin Khin~ Nyein~Aditi~Chiclon3~Sai~BpL~Yunni~YH~Cherry Encoder – YK

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း