ဇာတ်ကားများ ရွေးရန်

Hospital Playlist

2021ဇာတ်လမ်းတွဲအမှတ် 8.5/1093 မိနစ်4K

Korea Drama List မှာ Rating 10/10 ထိရရှိထားတဲ့ Reply စီးရီးတွဲ Universe ထဲက Medical နဲ့ Music ကို အခြေခံထားတဲ့ Healing Drama လေးပါ။ #Unicode ဒီ TV Series လေးကအရင်ကထွက်ရှိခဲ့တဲ့ ဆရာဝန်ကားတွေနဲ့ မတူတဲ့ ဆရာဝန်ကားလေးပါပဲ။ တကယ့်ဘဝတွေနဲ့ ပိုနီးစပ်ပါတယ်။ ဆေးကျောင်းအတူတူ တက်ခဲ့ကြတဲ့ ဆရာဝန် သူငယ်ချင်း ၅ ယောက်ရဲ့ ဇာတ်လမ်းပါ။ တစ်ယောက်က ပျော်တတ်တယ်။ တစ်ယောက်က အူကြောင်ကြောင်။ တစ်ယောက်က စာအုပ်ကြီးသမား။ တစ်ယောက်ကတော့ ခံစားလွယ်တယ်။ တစ်ယောက်ကတော့ လိုရင်းတိုရှင်းသမား။ အပြင်မှာလည်း ဒီလိုဆရာဝန်မျိုးတွေ အစုံပါပဲ။ ထွေလာမှာ ပါတဲ့ ဒိုင်ယာလော့တစ်ခုက သဘောကျစရာပါ။ ဆရာဝန်တွေ‌ ပြောနေကျစကားတွေကို သိလား????? "မသေချာပါဘူးခင်ဗျာ" တို့ . "မသိသေးပါဘူး" တို့ ဆိုတာလေ . ဒါမှမဟုတ် "စောင့်ကြည့်ရဦးမယ်" ဆိုတာမျိုး ဘာလို့လဲဆိုတော့ သူတို့ပြောတဲ့စကားကို သူတို့ တာဝန်ယူရတာကြောင့်ပါပဲ လူနာအကြောင်းကို ယုံကြည်မှုရှိရှိနဲ့ ပြောရဲတာ တစ်ခုပဲ ရှိပါတယ်။ "ကျွန်တော်တို့ တတ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးပါ့မယ်" ဆိုတာပါပဲ။ ဒီဇာတ်လမ်းကတော့ ဆရာဝန်ဇာတ်လမ်း သီးသန့်တင် မဟုတ်ဘဲ ကိုရီးယားထုံးစံအတိုင်း ဒရာမာအချိုးအကွေ့လေးတွေ ပါပါမယ်။ ဟာသလေးတွေလည်း ပါပါမယ်။ သီချင်းတွေကိုလည်း တစ်ပိုင်းကို တစ်ပုဒ်နှုန်းနဲ့ နားထောင်ရဦးမှာပါ။ ရသစုံတဲ့ ဇာတ်လမ်းတွဲ တစ်တွဲမို့ ကြည့်မိရင် သဘောကျမိမယ့် ဇာတ်ကားမျိုးပါ။ ဒီဇာတ်ကားကို August မှ ခံစားတင်ဆက် ဘာသာပြန်ပေးမှာဖြစ်လို့ အားပေးကြပါဦး။ Translators: August, MTA, Jerrica, Ingyin San Encoder: August Aired: Jun 17, 2021 - Sep 2, 2021 Aired On: Thursday Duration: 1 hr. 35 min Quality: 720P, 1080P Size: 700MB, 300MB Genre:Medical, Drama, Friends

အပိုင်းများ

24 အပိုင်း၊ season 2 season

ဇာတ်လမ်းအကြောင်း