ဇာတ်ကားများ ရွေးရန်

Erkenci Kus (or) Daydreamer (or) Early Bird

2018ဇာတ်လမ်းတွဲအမှတ် 8.2/10120 မိနစ်

CM Drama Romance ပရိသတ်တွေအတွက် ကမ္ဘာ​ကျော်သွားခဲ့တဲ့ တူရကီ အချစ်ရိုမန့်စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်​ပေးပါရ​စေ.... မင်းသားချော Can Yaman နဲ့ မင်းသမီးချော Demet Ozdemir တို့ပါဝင်ထားတဲ့ ၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Erkenci Kuş ဆိုတဲ့ စီးရီးလေးပါ။ IMDb Rating (7.3) ထိ ရရှိခဲ့ပြီး ကမ္ဘာတစ်လွှားက မိန်းကလေး ပရိသတ်များအကြား ဝက်ဝက်ကွဲအောင်မြင်ခဲ့တာပါ။ Best Romantic Comedy TV series ဆုကိုလဲ ရရှိခဲ့ပါတယ်... Can Yaman နဲ့  Demet Ozdemir တို့ကို အလွန်လိုက်ဖက်တဲ့ တူရကီစုံတွဲသရုပ်ဆောင်အဖြစ် သတ်မှတ်ကြတဲ့အထိ ဒီစီးရီးမှာ သူတို့နှစ်ယောက်က အသက်ဝင်ခဲ့ကြပါတယ်။တကယ်လဲ သူတို့နှစ်ယောက်ရဲ့ အရိုခန်းတွေက ကြည့်ရှုသူတွေကိုပါ ကြည်နူးပြုံးပျော်လာစေတာမျိုးပါ။ ဒီစီးရီးက ဇာတ်လမ်းဇာတ်ကွက်တွေကြောင့် နာမည်ကြီးတာမျိုးမဟုတ်ဘဲ ချစ်ခြင်းမေတ္တာအကြောင်းကို ရှုထောင့်မျိုးစုံက တင်ဆက်နိုင်တာကြောင့် ရင်မှာစွဲငြိကြတာမျိုးဖြစ်ပါတယ်။ Family Drama Romance ဖြစ်တာကြောင့် မိသားစုချစ်ခြင်းမေတ္တာ ချစ်သူနှစ်ဦးကြားက မေတ္တာတွေအကြောင်းကို ပြုံးပျော်စွာ ကြည့်ရှုခံစားရမှာပါ။မိသားစုနဲ့ အေးအေးဆေးဆေးကြည့်သင့်တဲ့ဇာတ်ကားမျိုးဖြစ်ပြီး Comedy ဟာသဆန်ဆန်လေးနဲ့ပါ တင်ဆက်ထားတာမလို့ မပျင်းမရိရပါဘူး...။ အချစ်ကိုဖွေရှာရာမှာ အချစ်စစ်လို့ထင်ယောင်ထင်မှားဖြစ်မိတာတွေ အချစ်နဲ့ဝေ့လည်ပတ်နေပြီး ရင်မှာမငြိတာတွေနဲ့ လုံးချာလည်ပတ်နေတတ်ပေမယ့် Jan နဲ့ Sanem လိုမျိုး အချစ်စစ်ကိုမှ ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်ကြ အဖြေရှာကြနဲ့ ကြည်နူးရတဲ့အချစ်မျိုးကတော့ တကယ်ကို အားကျကြရတဲ့ အချစ်မျိုးပါပဲ။ ဒါကြောင့်လဲ မိသားစုဒရမ်မာရိုမန့်စီးရီးတစ်ခုကြည့်ဖို့စဉ်းစားနေရင်တော့ ဒီတူရကီဇာတ်လမ်းတွဲကိုသာ အေးအေးဆေးဆေးထိုင်ကြည်နူးနေဖို့ တိုက်တွန်းလိုက်ရပါတယ်။ တစ်ပိုင်းကို ၄၅ မိနစ်ခန့် ကြာမြင့်တဲ့ အပိုင်း(၁၅၃)ပိုင်းခွဲပြီး တင်ဆက်ထားပါတယ်။ File Size –700 MB /400 MB @Episode Quality – HDTV 1080p/720P Duration – 45 min (@Episode) Subtitle – Myanmar Hardsub Format – mp4 Genre : Drama,Romance,Comedy Translator – Mugiwara Ya , Min Khant Bo , Htet Kyaw Myo, Shwe Pwint Pyae Sone,Thwal Yadi,Kit,Arr Khun Winchester Encoder – Ka Naung

အပိုင်းများ

153 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 153 အပိုင်း

ဇာတ်လမ်းအကြောင်း