ဇာတ်ကားများ ရွေးရန်

The Horror of Dolores Roach

2023ဇာတ်လမ်းတွဲအမှတ် 6.5/10

~ IMDb - 7.2/10, Rotten Tomatoes - 78% ~ Dark Comedy, Horror Series လေးပါ။ ဒီစီးရီးက ဘယ်လိုမျိုးလဲဆိုတာကို ကျွန်တော်သိတဲ့ ဇာတ်ကားတွေနဲ့ နှိုင်းပြရရင် Johnny Depp ရဲ့ Sweeney Todd: The Demon Barber of Fleet, တရုတ်က လူသားပေါက်စီဇာတ်လမ်း The Eight Immortals Restaurant: The Untold Story, Drew Berrymore နဲ့ Hitman မင်းသား Timothy Olyphant တို့ရဲ့ Santa Clarita Diet Series ဇာတ်လမ်းတွေကို ရောသမမွှေပြီး Hangover ဇာတ်ကားဆန်ဆန်ရိုက်ထားတဲ့ ဇာတ်လမ်းလို့ ပြောရမယ်ထင်တယ်။ ဒါပေမဲ့ ရယ်ရအောင် လုပ်နေပြောနေတာမဟုတ်ဘဲ ကြည့်ရင်း ရယ်ချင်စရာကောင်းလာတာမျိုးပါ။ ပြီးတော့ 18+ ပါနော်။ သွေးသံရဲရဲတွေ၊ သတ်တာဖြတ်တာတွေပါနေလို့ပါ။ ဇာတ်လမ်းကတော့ ဆေးရောင်းသမားရဲ့ ရည်းစား ဒိုလောရစ်တစ်ယောက် ဆေးရောင်းတဲ့သူက ထိုးကျွေးတာခံလိုက်ရလို့ ထောင် ၁၆ နှစ်ကျသွားတယ်။ လွတ်လာတဲ့အချိန် နေရပ်ကိုပြန်တော့ အရင်နဲ့မတူဘဲ အကုန်ပြောင်းလဲသွားပြီး သူ့ရည်းစားကိုလည်း ရှာလို့မတွေ့တော့ပါဘူး။ လမ်းပေါ် အိပ်ရလုဆဲဆဲဖြစ်နေတဲ့အချိန်မှာ သိဟောင်းကျွမ်းဟောင်း အမ်ပါနာဒါ(ဖက်ထုပ်ကြော်နဲ့တူတယ်) ဆိုင်ပိုင်ရှင်က ခေါ်တင်ထားတယ်။ ဘဝသစ်စဖို့ ကြိုးစားနေတဲ့ ဒိုလောရစ် ဘာအတန်းပညာ အတတ်ပညာမှမရှိပေမဲ့ ထောင်ထဲက အခန်းဖော် လက်ပြတ်အနှိပ်သမဆီကနေ အနှိပ်ပညာတွေ ၁၆ နှစ်လောက် ပညာကုန်သင်လာပြီး ထောင်ထဲမှာ မှော်လက်လို့ နာမည်ကြီးဖူးတော့ မုန့်ဆိုင်အောက်မှာ အနှိပ်ခန်းဖွင့်ဖို့ လုပ်တယ်။ အပေါ်က မုန့်ဆိုင်၊ မြေအောက်ခန်းထဲမှာ အနှိပ်ခန်း ဖွင့်ထားတယ် အဲဒီတော့ကာ Sweeney Todd နဲ့ လူသားပေါက်စီကို ဆက်စပ်ကြည့်လိုက်တော့ ဘာဖြစ်မလဲဆိုတာ မှန်းမိလောက်ပါပြီ။ ကောင်းရောင်းကောင်းဝယ်နဲ့ ဘဝသစ်စဖို့ စဉ်းစားနေတဲ့ ဒိုလောရစ်တစ်ယောက် ပြဿနာတွေ တစ်ခုပေါ်တစ်ခုဆင့်ပြီး ကြောက်စရာကောင်းတဲ့ အလုပ်တွေကို လုပ်မိလာတာကိုကြည့်ရင်း တစ်ချက်တစ်ချက်မှာ ဟားရမှာပါ။ (ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ 666 ပဲဖြစ်ပါတယ်) Size ~ 450MB+ Total - 8 Episodes Quality – 1080p Duration ~ 25min+ (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Comedy, Horror Source : AMZN.Web-dl.1080p Translator – 666 Encoder – Y

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း