ဇာတ်ကားများ ရွေးရန်

Slow Horses

2022ဇာတ်လမ်းတွဲအမှတ် 7.8/10

Season (1 to 5) Complete Season 6 Onging စပိုင်ကားကိုမှ ပေါ့ပေါ့ပါးပါးနဲ့ဇာတ်လမ်းကောင်းကောင်းလေးကြည့်ချင်တဲ့သူတွေအတွက် ကားကောင်းလေးတစ်ကားလာပါပြီ။ ဆရာ့ဆရာကြီးတွေထဲက တစ်ဦးဖြစ်တဲ့ ဂယ်ရီအိုးမန်း ခေါင်းဆောင်ပါဝင်ထားပါတယ်။ ကာ့တ်ရိုက်ဆိုတဲ့ အေးဂျင့်တစ်ယောက်ကာ စမ်းသပ်စစ်ဆင်ရေးတစ်ခုမှာ အမ်အိုင်၅ ဒုတိယခေါင်းဆောင်ရဲ့ ရည်ရွယ်ချက်ရှိရှိ သတင်းအမှားပေးမှုကြောင့် ဆလာ့ခ်ဟောက်စ်ဆိုတဲ့ အဆင့်နိမ့်အေးဂျင့်ဌာနကို ပြောင်းရွှေ့ခံလိုက်ရပါတယ် ဘယ်အလုပ်ကိုမှ အရေးတယူအခိုင်းမခံရဘဲ အသုံးမကျတဲ့သူတွေစုနေတဲ့ ဆလာ့ခ်ဟောက်စ်မှာတော့ အကုန်လုံးကိုဘုထိုင်တောနေတဲ့ လန့်ဘ်ဆိုတဲ့သူကဦးဆောင်နေတာပါ တစ်နေ့တော့အယ်ဘီယွန်ရဲ့သားတော်များလို့ခေါ်တဲ့ဗြိတိသျှအစွန်းရောက်တွေက မူစလင်ကျောင်းသားလေးတစ်ယောက်ကိုဖမ်းပြီးတော့ လိုင်းပေါ်မှာ ခေါင်းဖြတ်သတ်မယ်ဆိုပြီး ကြေညာလိုက်ပါတော့တယ် အဲဒီအချိန်မှာပဲ အေးဂျင့်လောကရဲ့ အရှုပ်အရှင်းတွေ ခေါင်းဆောင်တွေရဲ့ ပရိယာယ်တွေနဲ့ တကယ်မဟုတ်ဘဲ ကျဉ်ခံထားရတဲ့ လူတော်တွေအကြောင်းကို တဝကြီးကြည့်ပြီးတော့ တရားခံကဘယ်သူလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်လို့ရတဲ့ ကားကောင်းလေး တစ်ကားပါပဲ ကဲ စီစန် ၃မှာတော့ လာလာချင်းပဲ ကတ်သရင်း ပြန်ပေးဆွဲခံလိုက်ရတာပါ.....သူ့ကို ပြန်လွှတ်ပေးဖို့အတွက်ကလည်း ပက်ခ်ဌာနချုပ်ထဲက ဖိုင်တစ်ခုကို ကာ့တ်ရိုက်က သွားယူပေးမှရမှာပါ...... ဆလာ့ရှ်ဟောက်စ်ကို နဂိုကတည်းကမှ အထင်သေးနေတဲ့ ပက်ခ်ထဲ ကာ့တ်ရိုက် ဘယ်လိုဝင်ယူမလဲ......ကတ်သရင်းကို ပြန်ပေးဆွဲတာကရော သွေးရိုးသားရိုးပဲလား.......နောက်ကွယ်မှာဘာတွေရှုပ်ထွေးနေဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးနဲ့အတူ လိုက်ပါစီးမျောရင်း ကြည့်ရှုလိုက်ကြပါဦးလို့........ File size…(800 Mb)/(450 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….00:50:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub)

အပိုင်းများ

33 အပိုင်း၊ season 6 season

ဇာတ်လမ်းအကြောင်း