ဇာတ်ကားများ ရွေးရန်

When the Camellia Blooms

2019ဇာတ်လမ်းတွဲအမှတ် 8.2/10

When the Camellia Blooms (2019) အပိုင်းသစ် (1 မှ 20) စ/ဆုံး ဒီတစ်ခါ ပြန်လည်တင်ဆက်ပေးမဲ့ Seriesလေးကတော့ Kang Ha Neul နဲ့ Gong Hyo Jin တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး ၂၀၂၀ ခုနှစ် ရုပ်ရှင်ဆုပေး‌ပွဲတွေမှာ ဆု‌တွေအများကြီး သိမ်းပိုက်ခဲ့တဲ့ ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ အုံးဆန်းဆိုတဲ့ လှပတဲ့ကျွန်းမြို့လေးကိုအခြေတည်ပြီး ရဲသားလေးနဲ့ single motherတို့ရဲ့ ရိုးရှင်းပြီး ကြည်နူးစရာအချစ်ဇာတ်လမ်းလေးကို ရိုက်ပြထားတာပါ။ အုံးဆန်းမြို့က ယုံးရှစ်ဆိုတဲ့ကောင်လေးဟာ ကျောင်းသားဘဝတည်းက လူဆိုးဖမ်းဖို့ဆိုရင် အမြဲတဇွတ်ထိုးနိုင်တဲ့သူပါ။ ကျောင်းပြီးလို့ ရဲသားဖြစ်သွားတော့လည်း ဆိုးလ်မြို့သူ ဒိုင်ယာနာမင်းသမီးလေးလို လှပြီး ထက်မြက်တဲ့ကောင်မလေးနဲ့ တွဲမယ်ဆိုပြီး ဆိုးလ်မှာ တာဝန်ကျရာက ရည်းစားမရခဲ့ဘဲ အကြောင်းတစ်ခုကြောင့် ရာထူးချခံလိုက်ရပြီး ဇာတိမြို့ကိုပဲ ပြန်ရောက်လာသူပေါ့။ ဆိုးလ်မြို့သူ ဒုံဘဲ့ဟာ အုံးဆန်းမှာ ကမ်မီလီယာဆိုတဲ့ အရက်ဆိုင်ဖွင့်ထားပြီး single motherအဖြစ် ကိုယ့်အားကိုယ်ကိုးပြီး ၆နှစ်လုံးလုံး ကြိုးစားရုန်းကန်ကာ အုံးဆန်းရဲ့ ဒိုင်ယာနာဆိုပြီး လူသိများလာပါတယ်။ ဒီလို ကြိုးစားရုန်းကန်နေရတဲ့ ဒုံဘဲ့ကို ယုံးရှစ်ဟာ မြင်မြင်ချင်း‌ချစ်မိသွားပြီး ကာကွယ်ပေးချင်စိတ်တွေ ဖြစ်လာပါတော့တယ်။ ရဲသားလေးနဲ့ single motherလေးတို့ အချစ်လမ်းမှာ ဘယ်လိုကြုံတွေ့ရမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုလိုက်ရအောင်နော်။ (အညွှန်းကိုတော့ Toe Toe Aung မှ ရေးသားပေးထားပါတယ်။) Aired: Sep 18, 2019 - Nov 21, 2019 Aired On: Wednesday, Thursday Genres: Thriller, Comedy, Romance, Drama Duration: 65 mins Episodes: 20 Original Network: KBS2 Translated by Emily, Lai Laii, Toe Toe Aung, Stary, Htoo Htoo Aung & AHtet Encoded by Tiff

အပိုင်းများ

20 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 20 အပိုင်း

ဇာတ်လမ်းအကြောင်း