Far North
Far North (2023) 2016 ခုနှစ်တုန်းက နယူးဇီလန် Far North ဆိုတဲ့ဒေသမှာ တရားမဝင် မူးယစ်ဆေးအကြီးအကျယ်တင်သွင်းတဲ့ဂိုဏ်းကို သာမန်သက်ကြီးပိုင်းစုံတွဲက ဖော်ထုတ်လိုက်တဲ့ ဖြစ်ရပ်မှန် mini series ဖြစ်ပါတယ်။ အကျဉ်းချုံး မိတ်ဆက်ပေးရရင် မူးယစ်ဆေးတွေကို တရုတ်ဘက်က မူးယစ်ရာဇာဂိုဏ်းက ထုတ်ပေးပြီး ရေကြောင်းလမ်းကတစ်ဆင့် နယူးဇီလန်ကို ပို့ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက အဲ့မှာပို့ပေးရတဲ့လှေပေါ်က တရုတ်တွေက မိန်းမတွေချည်းဖြစ်နေတာပါပဲ။ ကိုယ်စီမဆုံးနိုင်တဲ့ အကြွေးတွေ ဒုက္ခတွေကြောင့် ဒီအလုပ်ကို သက်စွန့်ဆံဖျားလုပ်နေရသူတွေပါ။ ဘယ်ချိန် လှည့်ကင်းရဲတွေနဲ့တိုးမလဲဆိုပြီး ကျီးလန့်စာစားနေရတာလည်းပါပါတယ်။ ကံဆိုးတာက ပင်လယ်ပြင်ကနေထွက်ခွာလာရင်း နယူးဇီလန်ဘက်ပို့ရမယ့်အချိန်မှာ လှေပျက်သွားတဲ့အတွက် နှောင့်နှေးသွားပါတယ်။ တရုတ်ဘက်ကို ဆက်သွယ်ပြီး လာခေါ်တာစောင့်ပေမယ့် အလွဲပေါင်းစုံနဲ့ ကြန့်ကြာနေတဲ့အခါ အစာရေစာပြတ်လပ်ပြီး ဒုက္ခခံနေရတာပေါ့။ နယူးဇီလန်ဘက်မှာလည်း တရုတ်ကလာတဲ့လူက လှေဝယ်ပြီး လိုက်ရမှာကို တစ်ဖက်က ဆေးဝယ်မယ့် အဖွဲ့နဲ့ တလွဲတွေဖြစ်ပြီး အချိန်ကကြာနေတာပါ။ သူတို့တွေ ပင်လယ်ပြင်ဆီသွားမှာကို လူတွေသံသယမဖြစ်အောင် ကာဗာဇာတ်လမ်းတွေထွင်ပြီး ဖြီးဖြန်းပေမယ့် သူတို့လှေကို ရေထဲချဖို့ကူညီပေးတဲ့ ဒေသခံစုံတွဲက ရိပ်မိသွားပြီး ရဲကိုသတင်းပေးခဲ့ပါတယ်။ ဒီလိုနဲ့ ရဲတွေဘက်က လှုပ်ရှားလာအခါ....နောက်ဆုံးမှာ တစ်ဖွဲ့လုံးကို ဆေးတွေနဲ့အတူ ဖမ်းမိပြီး အကုန်လုံး ထောင်ဒဏ်တွေအသီးသီးကျကုန်တာကို မြင်တွေ့ရမှာပါ။ ပင်လယ်ထဲသောင်တင်နေတဲ့ ပစ္စည်းအမျိုးသမီးအဖွဲ့ကရော ဘယ်လိုဒုက္ခဆင်းရဲတွေ ကြုံရဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Shune Lai KK ပဲဖြစ်ပါတယ်) Size ~ 850MB+ Total - 6 Episodes Quality – 1080p Duration ~ 50min+ (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Comedy, Crime, Drama Source : HERE.Web-dl.1080p Translator – Shune Lai KK Encoder – Y
အပိုင်းများ
6 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း