Lucky Romance
ကိုရီးယားဇာတ်လမ်းတွဲကြိုက်သူများအတွက် CM မှ ၂၀၁၆ ခုနှစ်ထွက် Lucky romance ဆိုတဲ့ Romance & Comedy ဇာတ်လမ်းကောင်းကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းလေးမှာ အဓိကပါဝင်သရုပ်ဆောင်များကတော့ -ငယ်ငယ်လေးကတည်းက IQ အရမ်းမြင့်ပြီး အသက် ၅ နှစ်အရွယ် လောက်ကတည်းက အထက်တန်းသင်္ချာပုစ္ဆာတွေကို ဖြေရှင်းတွက်ချက်နိုင်တာကြောင့် ဆယ်ကျော်သက် အရွယ်ကတည်းက ပါရဂူတန်းတက်ခွင့်ရတဲ့ ဂျယ်ဆူးဟို။ သူက ဉာဏ်ရည်အရမ်းမြင့်လို့ ကွန်ပျူတာပညာရှင်တစ်ဦးဖြစ်လာပြီး ဂိမ်းတွေကို နိုင်ငံတကာထိထိုးဖောက်နိုင်အောင် တီထွင်နိုင်ပြီး ဂိမ်း ဖန်တီးတီထွင်တဲ့ ဂျေဂျေလုပ်ငန်းကို ဦးဆောင်လုပ်ကိုင်နေပြီး ဗေဒင်ယတြာတွေ ကံတွေကို မယုံဘဲ အရာရာကို ဦးနှောက်နဲ့သာ စဉ်းစားဆုံးဖြတ်တတ်တဲ့ စီအီးအို -ဂျယ်ဆူးဟို..အဖြစ် Reply 1988 ဇာတ်ကားနဲ့ 52 Baeksang Art Award မှာ Best New actor, TVN ရဲ့ Rising star ဆုတွေကို ရထားတဲ့ မင်းသားလေး Ryu Jun Yeol ( သရုပ်ဆောင် ကောင်းလွန်းလို့ ယခုကားနဲ့လည်း ၂၀၁၆ MBC ရဲ့ Best Actor ဆု ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်) - ငယ်စဉ်ကတည်းက မိဘ နှစ်ပါးကွယ်လွန်သွားခဲ့လို့ ညီမလေးနဲ့အတူတူ ဘဝကို ကြိုးစားရုန်းကန်နေရတဲ့ ကွန်ပျူတာ Programmer ပညာရှင် စိတ်ကူးအိုင်ဒီယာကောင်းပြီး ပညာတော်ပေမယ့် ကံဆိုးတတ်သူလေး ရှင်းဘိုနီး ။ ကံဆိုးသူဖြစ်တာကြောင့် အစစအရာရာ ဗေဒင်တွေ ယတြာတွေကို အရမ်းယုံကြည်အားကိုးသူလေး ရှင်းဘိုနီး အဖြစ် she was pretty, kill me heal me, Endless love ဇာတ်ကားများနဲ့ နာမည်ကျော်မင်းသမီးလေး Hwang Jung Eun - မိခင်က ကနေဒါ နိုင်ငံ့သားတစ်ဦးနဲ့ လက်ထပ်ထားတာကြောင့် ငယ်စဉ်ကတည်းက ကနေဒါ နိုင်ငံမှာပဲ ကြီးပြင်းခဲ့တဲ့ ဂယ်ရီချွိုင်။ ငယ်စဉ်ကတည်းက တင်းနစ်အားကစားမှာ ပါရမီထူးချွန်ပြီး ကြိုးစားသူမို့ ယခုနှစ်မှာ ကမ္ဘာ့နံပါတ်တစ် ချန်ပီယံကို ပြိုင်ပွဲတစ်ခုမှာ အနိုင်ရလိုက်တာကြောင့် ကမ္ဘာကျော်တင်းနစ်ချန်ပီယံဖြစ်လာခဲ့တဲ့ ဂယ်ရီချိုင်။ အဖေကို ငယ်ငယ်ကတည်းက အထင်လွဲပြီး စိတ်နာနေသော်လည်း ယခုမှ ဖခင်၏အဖြစ်မှန်ကို သိသောကြောင့် ဖခင်ကို ပြန်လာရှာရန် ကိုရီးယားသို့ ပထမဆုံးပြန်ရောက်လာသော ဂယ်ရီချွိုင်အဖြစ် Scholoar who walk the night မှာ သွေးစုတ်ဖုတ်ကောင်အဖြစ် လူသိများလာပြီး Neighborhood hero , The man living in our house တို့မှာ လူကြိုက်များတဲ့ မင်းသားလေး Lee Soo Hyuk - သွက်လက်ထက်မြက်ပြီး ငယ်ရွယ်လှပပြီး မြင်သူတကာငေးရတဲ့ အလှပဂေး။ လုပ်ရည်ကိုင်ရည် ထက်မြက်လို့ ကမ္ဘာကျော်တင်းနစ်ချန်ပီယံ ဂယ်ရီချွိုင်ရဲ့ စီမံခန့်ခွဲပေးတဲ့ IM sport အားကစားကုမ္ပဏီကြီးရဲ့ ကိုရီးယားနိုင်ငံရဲ့ Brand Manager မလေး အေမီအဖြစ် Flower Boy romance shop ရဲ့ မင်းသမီးချောလေး Lee Cheong Ah တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဒီလိုပါ ရှင်းဘိုနီးဟာ ကံဆိုးမလေးတစ်ယောက်ပါ။ ငယ်ငယ်လေးတည်းက မိဘနှစ်ပါးကွယ်လွန်သွားပြီး ညီမလေး ရှင်းဘိုရာ နဲ့ပဲ အတူတူ ရုန်းကန်နေရပါတယ်။ တစ်နေ့မှာတော့လည်း ညီမလေး ရှင်းဘိုရာ ကားအက်စီးဒန့်ကြောင့် အရေးပေါ်အခြေအနေနဲ့ ခွဲစိတ်ခန်းဝင်နေရပါတယ်။ အပြင်မှာ စိုးရိမ်တကြီး စောင့်နေတုန်း အကြားအမြင်ရ ဗေဒင်ဆရာကြီးတစ်ယောက်နဲ့ ဆုံပါတယ်။ ဆရာကြီးရဲ့ ပြောပြချက်အရ ဒါတွေအားလုံးဟာ သူရဲ့ ကံဆိုးမှုတွေ ဖြစ်ရတာဖြစ်ပြီး မိဘများကွယ်လွန်ရတာလည်း သူ့ရဲ့ ကံဆိုးမိုးမှောင်ကျမှုကြောင့်ဖြစ်ရသည်ကို သိလိုက်ရတယ်။ ယခုလည်း သူ့ညီမလေးမှာ သေမှာဖြစ်ကြောင်း ဟောသွားပါတယ်။ မသေစေချင်လည်း ယတြာချေရမည်ဖြစ်သည်။ ယတြာမှာလည်း ညကြီးသန်းခေါင် တောနက်ထဲတွင် ချေရမည့်ယတြာဖြစ်သည်။ ရှင်းဘိုနီးသည် ညီမလေးအတွက် ကြိုးစားပြီး ယတြာချေပေးလေသည်။ ယတြာချေပြီး၍ ဆေးရုံသို့ အမောတကောပြေးလာကာ ခွဲခန်းရှေ့မှာ စောင့်နေခဲ့ချိန် ဆရာဝန်မှ နှလုံးခုန်ရပ်သွားပြီ ဖြစ်ကြောင်း မရတော့ကြောင်း ပြောလာပါသည်။ စိတ်ဓါတ်အကြီးအကျယ် ကျသွားချိန်မှာပဲ လူနာမှာ နှလုံးပြန်ခုန်လာကြောင်း သူနာပြုဆရာမလေး လာပြောသဖြင့် ဆက်လက်ခွဲစိတ်မှုပြုခဲ့ပါသည်။ ထို့ကြောင့် ရှင်းဘိုနီးလည်း ဗေဒင်ဆရာကြီးကို အရမ်းယုံကြည်သွားပါသည်။ ယတြာတွေကိုလည်း အရမ်းယုံကြည်သွားခဲ့သည်။ ခွဲစိတ်မှုအောင်မြင်သော်လည်း ညီမလေးမှာ Coma ရကာမေ့မျောနေသဖြင့် ရှင်းဘိုနီးတစ်ယောက်တည်းပင် ဆေးရုံစရိတ်အတွက် ရုန်းကန်ကြိုးစာလာသည်မှာ နှစ်နှစ်ခန့်ပင် ရှိနေပြီဖြစ်သည်။ တစ်ရက်တော့ ရှင်းဘိုရာလေး နှလုံးဖောက်သဖြင့် မနည်းအသက်ရှင်အောင် ပြန်ကယ်တင်ထားရပါသည်။ သတိမရသည်မှာ နှစ်နှစ်ခန့်ပင် ရှိပြီဖြစ်သော်ကြောင့် ဆရာဝန်များပင် လက်လျော့နေချင်နေကြသည်။ ထို့ကြောင့်ရှင်းဘိုနီးမှာ ဗေဒင်ဆရာကြီးကို ညီမလေးအသက်ကို နောက်တစ်ကြိမ်ကယ်တင်ပေးရန် တောင်းဆိုသောအခါ ဗေဒင်ဆရာကြီးက ထူးထူးဆန်းဆန်း ယတြာချေရန်ပြောလိုက်ပါသည်။ ….ယတြာကတော့ ကျားနှစ်ဖွား ယောကျ်ားလေးတစ်ယောက်ရှာကာ တစ်ညတာ အတူတူ ကုန်ဆုံးရမည်ဖြစ်သည်။ ဒီတော့ ရှင်းဘိုနီးလို ဖြူဖြူစင်စင်အပျိုစင်နုနုထွတ်ထွတ်လေးက ဘယ်လိုလုပ် -ဒီယကြာကို ချေမှာလား မချေဖြစ်ဘူးလား။ ညီမလေးကိုပဲရွေးမှာလား သူ့ဘဝကိုပဲ ရွေးရမှာလား -ယတြာချေရင်ကော ဘယ်လိုလုပ် ကျားနှစ်ဖွားကို ရှာပြီး တစ်ညတာကုန်ဆုံးဖို့ ဘယ်လိုများပြောရမှာလဲ -ဘယ်သူကကော ကျားနှစ်ဖွားဖြစ်နေမှာလဲ……စတာတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ဆက်လက်ရှုစားလိုက်ကြပါနော်။
အပိုင်းများ
16 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း