ဇာတ်ကားများ ရွေးရန်

Turner & Hooch

2021ဇာတ်လမ်းတွဲအမှတ် 7.3/10

အပိုင်း(၁  မှ ၁၂)ထိ စ/ဆုံး ခုတလော စိတ်ညစ်နေကြမယ့်သူတွေအတွက် ပေါ့ပေါ့ပါးပါးအလွဲတွေနဲ့ ရယ်ရသလို ဘာတွေဆက်ဖြစ်မလဲ သိချင်လောက်မယ့် Comedy/ Crime အမျိုးအစားစီးရီးလေးပါ... ၁၉၈၉ ခုနှစ်က မင်းသားကြီး Tom Hanks ရဲ့ Original ဇာတ်ကားကို Disney က ပြန်လည်ရိုက်ကူးထားတဲ့ စီးရီးဖြစ်ပြီး မင်းသား Josh Peck က မာရှယ်အရာရှိ စကော့တန်နာအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်... ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် စကော့တန်နာက မာရှယ်အရာရှိ အသစ်စက်စက်လေးပေါ့.. . သူ့အရည်အချင်းကို ဌာနကအသိအမှတ်ပြုအောင် ကြိုးစားနေရသူလို့ဆိုနိုင်တယ်.. . ဖခင်ဖြစ်သူရဲအရာရှိရဲ့ခြေရာကိုနင်းပြီး လူဆိုးဖမ်းချင်ပေမယ့် ဖခင်ဖြစ်သူလိုတော့ ခွေးမချစ်ပြန်ဘူး... အလုပ်ရှုပ်လွန်းလှတဲ့သူ့ဆီကိုမှ ဆုံးပါးသွားတဲ့ဖခင်ဖြစ်သူက ခွေးတစ်ကောင်ချန်ရစ်ခဲ့ပြန်ပါတယ်.. . ဆိုးလွန်းလှတဲ့ အဲဒီခွေးကြီးနာမည်က ဟုချ်ဖြစ်ပြီး စကော့အိမ်ကိုရောက်တာနဲ့ မြင်မြင်ရာကိုဖျက်ဆီးပစ်တော့တာပါပဲ ... သားရည်တွေကလည်း အမြဲတမြှားမြှားကျနေပြန်တာပေါ့... ဒါပေမဲ့ အဲဒီခွေးကြီးက သူမထင်ထားလောက်အောင်လည်း ဉာဏ်ကောင်းနေပြန်ပြီး အလွဲတွေကြားက မှုခင်းသဲလွန်စတွေရှာပေးလာတဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ... Quality : WEB-DL 720p Duration…00:48:00 Episodes: 12 Aired On: Wednesday  Genres: Action, Comedy , Family Translated by May Myat Thu , Hnin Wut Ye , Kit & Thar Htet Encoded by Phyo Pyae

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း