Dare to Love
တက်သစ်စမင်းသားလေး Peak နဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်တဲ့ Bella တို့က အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ 💏"မင်းအတွက်ဆိုချစ်ရဲတယ်" 💏ဇာတ်လမ်းတွဲအညွှန်းလေး •••••••••••••••••••••••••••••••••••••••••••••••••• ~ခီယူအဖြစ် Peak ~ရှေ့နေမလေးထိချာကွန်အဖြစ်Bella တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး မြန်မာပရိသတ်တွေနဲ့မစိမ်းတဲ့ ~မင်းသမီး Pinky ကလည်း ခါမီလီယာဆိုတဲ့ ရှေ့နေမလေးတစ်ဦး အနေနဲ့ ဇာတ်ပို့နေရာကနေ ပါဝင်ထားပါသေးတယ် 🥀ခီယူ (Peak) ဟာကျောင်းသားအရွယ်ကတည်းက စီနီယာမမဖြစ်တဲ့ ထိချာကွန် (Bella ) ကို တိတ်တခိုးကြိတ်ချစ်နေတဲ့သူပေါ့💏 🥀ဒီလိုနဲ့ အချိန်တွေကြာလာတာနဲ့အမျှ........ ထိချာကွန်လည်းဘွဲ့ရသွားပြီး ထက်လည်းထက်မြက် စမတ်လည်းကျတဲ့ရှေ့နေမလေးတစ်ဦးဖြစ်လာခဲ့တယ် 🥀ခီယူကလည်းကျောင်းပြီးသွားတဲ့နောက်..... သူကြိတ်ချစ်ရတဲ့စီနီယာရှေ့နေမမရဲ့ အချစ်ကို ရယူဖို့ ကြိုးစားပါတော့တယ် 🥀ဒါ့ကြောင့်မို့ မမနဲ့အနေနီးဖို့ သူပါရှေ့နေပညာကို အပတ်တကုတ်ကြိုးစားလေ့လာတော့တာပေါ့ (အချစ်ကြီးတဲ့မောင်လေး☺️) 🥀ရှေ့နေမလေးထိချာကွန်က ခီယူ အပေါ်ခံစားချက်ကောင်းတွေရှိနေပေမယ့်လည်း ခီယူရဲ့အချစ်တွေကိုလက်ခံဖို့ဆိုတာ သူမအတွက် ဒွိဟတွေ ဖြစ်နေခဲ့ရတယ် 🥀ဘာလို့ဒွိဟတွေဖြစ်နေရလဲဆိုရင်....... သူမနဲ့အသက်ချင်းကွာတဲ့ခီယူဆီက အချစ်ကို မယုံရဲတာကတစ်ကြောင်း နောက်တစ်ချက်က..... တော်ပြီးအရည်အချင်းပြည့်ဝတဲ့သူတစ်ယောက်ကလည်း သူမကိုချဉ်းကပ်နေတာကြောင့်မို့လို့ပါပဲ( ရှေ့နေမလေးထိချာကွန်တော့ ကိုကိုနဲ့မောင်လေးကြားအရွေးရခက်ပြီပေါ့☺️) 🥀ဒီလိုဒွိဟတွေဖြစ်နေတဲ့နောက် ရှေ့ဆက်ပြီးတော့ရော... ခီယူက ထိချာကွန်ရဲ့အချစ်တွေရဖို့ဘယ်လိုတွေကြိုးစားမလဲ? မောင်လေးခီယူရဲ့အချစ်ကိုမယုံမကြည်ဖြစ်နေတဲ့ ရှေ့နေမမထိချာကွန်ကရော ? ဘယ်လိုအရာတွေကများ သူမကိုချစ်လာရဲအောင်လုပ်ဆောင်ပေးမလဲဆိုတာ ဇာတ်ကားလေးထဲမှာရင်ခုန်စွာကြည့်ရှုခံစားကြည့်ကြရအောင်ပါနော်🙆 ရင်ခုန်စရာကောင်းတဲ့မောင်နဲ့မကြားက ရိုမန်တစ်ဆန်တာတွေအပြင် ရှေ့နေမလေးထိချာကွန်နဲ့ ရှေ့နေမလေးခါမီလီယာတို့ကြား အပြိုင်အဆိုင်တွေကိုလည်း စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်😍 ရသစုံလင်မယ့်ဇာတ်လမ်းတွဲကောင်းလေး တစ်ကားဖြစ်တာမို့ လက်မလွတ်ဘဲ စောင့်ကြည့်သင့်ကြောင်း ပြောပါရစေရှင်❤️ (အညွှန်းအား Bella Campen Myanmar Fanclubမှရေးသားထားပါသည်) Translated by Kyi Nue Zin ,Lang Sitthu , Thinn Thinn Aye , Yoon Mie , Su Myat Yee Encoded by Naing Aung Latt
အပိုင်းများ
16 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း