ဇာတ်ကားများ ရွေးရန်

Lieutenant Opas

2011ဇာတ်လမ်းတွဲ

Lieutenant Opas (2011) ကဲ အားလုံးပဲတောင်းဆိုနေကြတဲ့ ATMဇာတ်ကား နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး Chantavit Dhanasevi ရဲ့ ၂၀၁၁ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ စုံထောက်အိုပက်စီးရီးလေးကို တင်ဆက်ပေးလိုက်ပါပြီနော်။ ဒီစီးရီးလေးမှာတော့ အပိုင်း၂၄ပိုင်းပါဝင်ပြီး ဘယ်လို အခွီတွေပါမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦးနော်။ အိုပက်ဆိုတဲ့ ဗိုလ်တစ်ယောက်ဟာ လောင်းကစားဝိုင်းတစ်ခုကို သူ့တပည့်တွေနဲ့အတူ ဝင်ရောက်ဖမ်းစီးရင်းနဲ့ မတော်တဆဖြစ်ပြီး ၂နှစ်လောက် ကိုမာဝင်မေ့မြောသွားရာကနေ ပြန်လည်နိုးထလာခဲ့ပါတယ်။ နိုးထလာတဲ့ နောက်မှာတော့ အိုပက်ဟာ အရင်လို ပုံမှန်မဟုတ်တော့ဘဲ ဝိညာဉ်တွေကို မြင်နေရပါတော့တယ်။ နေပြန်ကောင်းလာတဲ့နောက်မှာတော့ သူ့အလုပ်ကို ပြန်ဝင်ရင်း ဝိညာဉ်တွေကို မြင်ရတဲ့အစွမ်းနဲ့ အမှုတွေကို ဘယ်လိုတွေစခွီထစရာကောင်းအောင် ဖော်ထုတ်မလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Char Ou, Mary Christ နဲ့ Hazel တို့ပဲ ဖြစ်ပါတယ်။ Genre..... Action, Comedy, Mystery Quality…. 1080p | 720p File size… 550MB | 300MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Char Ou, Mary Christ, Hazel Encoder ..... Aaron Season 2 အရာရှိ အိုပက်နှင့် သူ၏အမှုတွဲများ အတွဲ  ၂ (၂၀၁၂) ဒီကားကတော့ နာမည်ကြီး မင်းသား Chantavit Dhanasevi (Ter) နဲ့ မင်းသမီး Ice Preechaya တိုရဲ့ဟာသကားလေးပဲဖြစ်ပါတယ်။ ဒီကားမှာဆိုရင် မင်းသားဟာ ရဲမှူးအိုပက်နေရာမှာသရုပ်‌ဆောင်ထားပြီး‌ မင်းသမီးကတော့ ရဲမှူးဖလယ်နေရာမှာ သရုပ်ဆောင်ထားပါတယ်။ ပထမအပိုင်းတုန်းက ရဲမှူးအိုပက်ဟာ သူ့ရဲ့ကောင်မလေးဖြစ်သူ ဘူဝါခွမ်ဆိုတဲ့မိန်းကလေးကိုဆုံးရှုံးခဲ့ရတဲ့အပြင် လေ့ကျင့်ခန်းလုပ်‌ရင်း မတော်တဆပြုတ်ကျခဲ့တဲ့အတွက် ဦးခေါင်းဒဏ်ရာရခဲ့ပါတယ်။ အဲ့အချိန်ကတည်းက ဝိဉာဉ်တွေကိုမြင်နိုင်ခဲ့ပြီး အမှုတွေကို စစ်ဆေးတဲ့အခါမှာလည်း ဝိဉာဉ်တွေပြောတဲ့အတိုင်းလုပ်ဆောင်ခဲ့ပါတယ်။ ဒုတိယအပိုင်းမှာဆိုရင်တော့ ရဲမှူးအိုပက်ဟာ လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ဝိဉာဉ်တွေကို အယုံအကြည်မရှိတဲ့ ရဲမှူးဖလယ် ရဲမှူး‌ဂျော်နီ တိုနဲ့အလုပ်လုပ်ရပြီး အပိုင်းတစ်ပိုင်းစီမှာအမှုတစ်မျိုးစီကို ရဲမှူးအိုပက်အ‌နေနဲ့ အမှုအလိုက် သူ့ရဲ့စွမ်းရည်တွေကိုဘယ်လိုအသုံးချပြီး ဖော်ထုတ်မလဲဆိုတာကို ရယ်ရယ်မောမာပေါ့ပေါ့ပါးပါး ကြည့်ရှုအားပေးလိုက်ကြပါဦး File size…(740 Mb) (350 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 00:39:10 Genre... Action, Adventure, Comedy, Supernatural Subtitle….Myanmar Subtitle (Hardsub) Encoder….Elena Translated by CM Team

အပိုင်းများ

49 အပိုင်း၊ season 2 season
ပြထားသည် 12 မှ 24 အပိုင်း

ဇာတ်လမ်းအကြောင်း