ဇာတ်ကားများ ရွေးရန်

Psychopath Diary

2019ဇာတ်လမ်းတွဲအမှတ် 7.1/10

Psychopath Diary (2019) အပိုင်း (1 မှ 16) စ/ဆုံး ဒီတစ်ခါမှာတော့ သရုပ်ဆောင် Yoon Shi Yoon, Jung In Sunနဲ့ Park Sung Hoonတို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Psychopath Diary ဆိုတဲ့ ဟာသမှုခင်းစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း.. Yook Dong Sik ဆိုတဲ့လူဟာ အာမခံကုမ္ပဏီက ဝန်ထမ်းတစ်ဦးဖြစ်ပြီး ရိုးအလွန်းတဲ့စရိုက်ကြောင့် ကုမ္ပဏီတစ်ခုလုံးက သူတွေအပြင် အခင်ဆုံးသူငယ်ချင်းဆီကနေပါ အမြတ်ထုတ်ခံရတဲ့သူပါ။ အဲဒီလို အလုပ်မှာအဆင်မပြေဖြစ်နေတဲ့ Dong Shik တစ်ယောက် တစ်ရက်မှာ စိတ်ညစ်ညစ်နဲ့ အိမ်အပြန်အလာ လူသတ်မှုတစ်ခုစီကို မှတ်တမ်းတင်ထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ဒိုင်ယာရီကို ကောက်ရခဲ့ပါတယ်။ ဒါ့အပြင် အဲဒီလူသတ်သမား လူသတ်နေတာကို မျက်မြင်တွေ့ပြီး ထိတ်လန့်တကြား ထွက်ပြေးရာက ရဲအရာရှိ Shim Bo Kyung မောင်းလာတဲ့ကားနဲ့ ဝင်တိုက်သွားမိပါတယ်။ အဲဒီနောက်မှာ မှတ်ဉာဏ်ပျောက်ဆုံးသွားပြီး သူကောက်ရခဲ့တဲ့ဒိုင်ယာရီထဲက လူသတ်မှုတွေကို သူလုပ်ခဲ့တာပါလို့ ထင်မှတ်မှားပါတော့တယ်။ အဲဒီနောက်မှာ သူ့ကိုယ်သူ လူသတ်သမားလို့ထင်နေတဲ့ Dong Shik တစ်ယောက် ဘယ်လိုတလွဲတွေလုပ်မလဲ... Bo Kyung ကရော လူသတ်သမားကို ဘယ်လိုကူဖမ်းပေးမလဲ... လူသတ်သမားကရော ဘယ်သူလဲဆိုတာတွေကို အူတက်အောင်ကြည့်ရမဲ့ မှုခင်းဟာသစီးရီးကောင်းလေးဖြစ်တာမလို့ မကြည့်ရသေးရင် အမြန်ဆုံးကြည့်ဖို့ ညွှန်းချင်ပါတယ်။ (အညွှန်းကိုတော့ Eric မှ ရေးသားထားပါတယ်။) Aired: Nov 20, 2019 - Jan 9, 2020 Aired On: Wednesday, Thursday Genres: Thriller, Mystery, Comedy, Crime Duration: 70 mins Episodes: 16 Original Network: tvN Translated by Eric, Chothet_mlmt, Lai Laii, Hazelle Kit, Shwe Pyae & Hsu Pyae Encoded by Tiff

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း