ဇာတ်ကားများ ရွေးရန်

Life on Our Planet

2023ဇာတ်လမ်းတွဲအမှတ် 8.1/10

CM ပရိသတ်ကြီးတို့ကို Netflix ကနေ အသစ်စက်စက် ထွက်ရှိထားတဲ့ Docuseries တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDB rating 8.2 အထိ ရထားတာမလို့ အချိန်ကုန်ခံရကျိုးမနပ်မှာကိုတော့ စိတ်ပူစရာမလိုပါဘူး။ Docuseries ဆိုတဲ့အတိုင်း ကမ္ဘာပေါ်က ကျွမ်းကျင်ပညာရှင်တွေရဲ့ အချက်အလက်တွေကို ကိုးကားပြီး ရိုက်ကူးပုံဖော်ထားတာမလို့ အပန်းဖြေကြည့်ရင်း ဗဟုသုတပါ တိုးဦးမှာပါ။ Series နာမည်ဖြစ်တဲ့ Life On Our Planet ဆိုတဲ့အတိုင်း ဒီမှတ်တမ်းရုပ်ရှင်မှာတော့ ကမ္ဘာကြီးရဲ့ သက်ရှိတွေအကြောင်းကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ကမ္ဘာကြီးပေါ်မှာ သက်ရှိတွေ ဘယ်ကနေ စတင်ပေါ်ပေါက်လာတာလဲဆိုတာကနေစပြီး ဒီနေ့ခေတ်မှာ မြင်တွေ့နေရတဲ့ သက်ရှိတွေဖြစ်ပေါ်လာပုံအထိ အသေးစိတ်ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဒိုင်နိုဆောမျိုးစိတ်တွေအကြောင်းလည်း တင်ဆက်ပြောပြထားတာမလို့ အားလုံးစိတ်ဝင်စားကြမှာ အသေချာပါပဲ။ ဒါ့အပြင် ကမ္ဘာကြီးကိုယ်တိုင်နဲ့ သူ့ပေါ်မှာ နေထိုင်ကြတဲ့ သက်ရှိတွေရဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်တွေကိုပါ ကြည့်ရှုရဦးမှာပါ။ ဒီ series လေးရဲ့ ထူးခြားချက်တစ်ခုကတော့ အကြောင်းအရာတွေကို တင်ဆက်တဲ့အခါမှာ စာသင်ပြသလို ဖတ်ပြနေတာမျိုးမဟုတ်ဘဲ လက်တွေ့ရိုက်ကူးထားတဲ့ clip တွေ, CG နဲ့ ဖန်တီးထားတဲ့ clip တွေကို ရောစပ်ရိုက်ပြထားတာမလို့ အတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ Docuseries တွေ ကြည့်ရတာ ပျင်းတဲ့သူတွေတောင် အကြိုက်တွေ့စေမှာမလို့ သေချာပေါက်ကြည့်ကြဖို့ recommend ပေးလိုက်ပါတယ်။ Episode: 8 File size…  1.8 GB /  800 MB Quality… WEB Rip 1080p / 720p Format… mp4 Duration….  1h Genre .....  Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by.. Elizabeth Khant , Kasashi , Thura Aung , Jaka , Benni , SO , Yumi

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း