ဇာတ်ကားများ ရွေးရန်

The Devil's Plan S1+ S2

2025ဇာတ်လမ်းတွဲအမှတ် 8.7/10

The Devil’s Plan 2: Death Room (2025) S1+S2 (စ/ဆုံး) ဆုကြေးငွေ ဝမ် ၅၀၀ မီလီယမ်ရဖို့အတွက် စိတ်အား ဉာဏ်အားအဖက်ဖက်ကနေ ထည့်သွင်းစဉ်းစားဖော်ထုတ်ရတဲ့ နည်းဗျူဟာမြင့် game show တစ်ခုဖြစ်တဲ့ The Devil Plan ဟာ Season 1 မှာ အောင်မြင်မှုများစွာရခဲ့တာနဲ့အမျှ ယခုနှစ်မှာတော့ season 2 ထွက်ရှိလာပါပြီ။ ဒီ season 2 မှာဆိုရင်တော့ season 1 တုန်းကထက် ပိုမိုပြင်းထန်ပြီး ခေါင်းစားရတဲ့ ဂိမ်းတွေပါဝင်လာမှာ ဖြစ်တဲ့အပြင် ထောင်ချောက်ဆင်ထားတဲ့တံခါးဝတွေလည်း ပါလာကာ ကစားသမားတွေဟာလည်း အပေးအယူလုပ်တာ တိုကင်ပြားတွေ လဲလှယ်တာ ပြိုင်ဘက်ကို ထောင်ချဖမ်းဆီးတာတွေအတွက် ဆုကြေးပါရဦးမှာပါ။ ယခုတစ်ခေါက်မှာတော့ Season 1 မှာ ပါဝင်ခဲ့တဲ့သူတွေ မဟုတ်ဘဲ Super Junior အဖွဲ့ဝင် Kyuhyun, EXchange 2 ထဲက ကျွန်တော်တို့ မောင်လေး team ရဲ့ အသည်းစွဲ ဂျောင်ဟျွန်းဂယူ, Soloist ဖြစ်တဲ့အပြင် Loona အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ ချစ်စရာကောင်မလေး Chuu, Ghost Doctor ကားထဲက မင်းသမီးချောလေး Yoon So Hee တို့နဲ့အတူ တခြားနာမည်ကြီး influencer, announcer တို့ပါဝင်ထားကြတာမို့လို့ ခေါင်းစားရပြီး ပရိသတ်ကိုဆွဲဆောင်သွားနိုင်တဲ့ game show တစ်ခုဖြစ်တာကြောင့် အပတ်စဉ်စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ (အညွှန်းကိုတော့ Theint မှ ရေးသားထားပါတယ်။) Aired: Apr 28, 2025 - ? Aired On: Tuesday Genres: Thriller, Psychological, Comedy, Reality Show Episodes: 12 Original Network: Netflix Translated by CM Team Encoded by Tiff

အပိုင်းများ

24 အပိုင်း၊ season 2 season

ဇာတ်လမ်းအကြောင်း