ဇာတ်ကားများ ရွေးရန်

Bitter Sweet Hell

2024ဇာတ်လမ်းတွဲ

Bitter Sweet Hell (2024) ဒီကားလေးထဲမှာတော့ နာမည်ကြီးမင်းသမီးကြီးတွေဖြစ်ကြတဲ့ Tomorrow ထဲမှ Kim Hee-Sun၊ Lawless Lawyer ထဲမှ Lee Hye-Young တို့က အဓိကပါဝင်ထားပြီး Sweet Home ထဲမှ Kim Nam-Hee၊ 2PM Chan-Sung, DKZ Jae-Chan တို့အပြင် ကေဒရာမာဖန်တိုင်းသိကြတဲ့ နာမည်ကြီးဇာတ်ပို့ပေါင်းများစွာမှ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း- No Yong-Won က ကိုရီးယားရဲ့အတော်ဆုံး စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်သလို သူမရဲ့ခင်ပွန်းဖြစ်သူ Choi Jae-Jin ကလည်း နာမည်ကြီး ခွဲစိတ်ဆရာဝန်တစ်ဖြစ်လဲ ကြင်နာတတ်တဲ့ ဖခင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။ Mystery ဝတ္ထုစာရေးဆရာမဖြစ်တဲ့ ယောက္ခမဖြစ်သူရဲ့ ဆတ်ဆတ်ထိမခံတတ်တဲ့စိတ်ကြောင့် ယောက္ခမနဲ့ ချွေးမကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောထားမတိုက်ဆိုင်မှုတွေကလွဲရင် Yong-Won ရဲ့ဘဝက ပျော်ရွှင်စရာအတိပါပဲ။ ဒီလိုမျိုး အလုပ်မှာသာမက ကိုယ်ပိုင်ဘဝကလည်း အထင်ကြီးစရာကောင်းလှတာကြောင့် လူတိုင်းရဲ့အားကျခြင်းကို ခံရတဲ့သူမဟာ တစ်နေ့မှာတော့ သူမရဲ့ပြီးပြည့်စုံလှတဲ့ခင်ပွန်းက Lee Se Na ဆိုတဲ့ ပဟေဠိဆန်တဲ့မိန်းကလေးနဲ့ ဖောက်ပြန်နေတာကို သိသွားပါတော့တယ်။ ထိုမိန်းကလေး ဝင်ရောက်ပတ်သတ်လာပြီးနောက်မှာပဲ သူမရဲ့မိသားစုဟာ အမည်မသိသူတစ်ဦးထံမှ ခြိမ်းခြောက်ခြင်းခံလာရတဲ့အတွက် မတည့်အတူနေ ယောက္ခမဖြစ်သူနဲ့ ပူးပေါင်းပြီး သူမရဲ့မိသားစုကို အန္တရာယ်တွေကနေ ကာကွယ်ဖို့ဖြစ်လာပါတော့တယ်။ ဒီစီးရီးမှာ ဖောက်ပြန်တဲ့ ယောက်ျားကို ဘယ်လိုလက်စားပြန်ချေမလဲ..။ ခြိမ်းခြောက်ခံရတဲ့မိသားစုကို ယောက္ခမနဲ့ချွေးမ နှစ်ယောက်ပေါင်းပြီး ဘယ်လိုကာကွယ်သွားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Su Sandi မှ ရေးသားထားပါတယ်။) Aired: May 24, 2024 - Jun 29, 2024 Aired On: Friday, Saturday Genres: Thriller, Mystery, Black Comedy, Drama Duration: 60 mins Episodes: 12 Original Network: MBC Translated by Thinn, Stary, Hnin Wai, Su Sandi, Kayzin & Pann Hsu Encoded by Tiff

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း