ဇာတ်ကားများ ရွေးရန်

Dreaming of Freaking Fairytale

2024ဇာတ်လမ်းတွဲ

Dreaming of Freaking Fairytale (2024) အပိုင်းသစ် (၉+၁၀) (၁ မှ ၁၀ စ/ဆုံး) The Impossible Heir ထဲက ဗီလိန်ကိုကို Lee Jun-Young နဲ့ Moon in the Day ထဲက မင်းသမီး Phyo Ye-jin တို့ရဲ့ Rom-com ဇာတ်လမ်းတွဲအသစ်လေးထွက်ရှိလာပါပြီ။ ဇာတ်လမ်းအညွှန်း Moon Cha-Min (Lee Jun-Young)က ချမ်းသာကြွယ်ဝတဲ့ Chaebol မိသားစုရဲ့သားဖြစ်ပြီးတော့ ဆိုရှယ်ကလပ်တစ်ခုရဲ့စီအီးအိုလည်းဖြစ်ပါတယ်။ သူက မာနကြီးပြီးလက်တွေ့ဆန်ဆန်နေတတ်တဲ့သူမို့လို့ စင်ဒရဲလားလို ဒဏ္ဍာရီဆန်ဆန်အချစ်ဇာတ်လမ်းမျိုး မက်မောတဲ့မိန်းကလေးတွေကို နှစ်သက်လေ့မရှိပါဘူး။ တစ်နေ့မှာတော့ သူ့ရဲ့ဆိုရှယ်ကလပ်မှာ မန်နေဂျာအဖြစ်အလုပ်လာလုပ်တဲ့ Shim Jae-Rim (Phyo Ye-Jin)ဆိုတဲ့ ကောင်မလေးနဲ့စပြီးပတ်သတ်မိလာပါတော့တယ်။ သူမကတော့ သူ့ကိုဆင်းရဲတွင်းထဲကနေ ကယ်တင်ပေးနိုင်မယ့် ရွှေမင်းသားလေးကို တစ်နေ့တွေ့ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရှင်သန်နေသူလေးပါ။ ဒီလိုနဲ့ အဲဒီဆိုရှယ်ကလပ်မှာအလုပ်လုပ်ရင်း သူမရဲ့ဘဝအမှန်ကိုတဖြည်းဖြည်းလက်ခံနိုင်လာခဲ့ပြီး တခြားသူအပေါ်မမှီခိုဘဲ ကိုယ့်အားကိုယ်ကိုးတတ်တဲ့သူအဖြစ်ပြောင်းလဲလာပါတော့တယ်။ ဒီလိုနဲ့ပဲ ဘဝအခြေအနေတွေကအစ အတွေးအခေါ်အဆုံး အစစအရာရာကွာခြားတဲ့သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုမျိုးအချစ်တွေပေါက်ဖွားလာမလဲဆိုတာကို အပတ်စဥ်သောကြာနေ့တိုင်း CM ကနေ တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ အညွှန်းကို Hsu Pyae Pyae Aung မှ ရေးသားပေးထားပါတယ် Episodes: 10 Aired: May 31, 2024 - Jun 28, 2024 Aired On: Friday Original Network:  TVING Duration: 40 min Genres: Comedy, Romance Translated by Miri, Hsu Pyae, Treasure Toe Toe, Thet Hnin & Kaung Htet Zin Encoded by AHtet

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း