ဇာတ်ကားများ ရွေးရန်

Teen Wolf

2011ဇာတ်လမ်းတွဲအမှတ် 8.5/10

Teen Wolf (2011) (Only On Bioscope) IMDB : 7.7 Rotten Tomatoes : 81% Genre : Fantasy / Drama / Comedy Quality Update S01 and S02 MTV ကနေပြီးတော့ ၁၉၈၅ ထွက် Michael J.Fox ရဲ့ Teen Wolf ဆိုတဲ့ ဘတ်စကတ်ဘောဟာသရုပ်ရှင်ကို သဘာဝလွန် Sci-Fi / Fantasy Series အဖြစ် အသက်သွင်းမယ်ဆိုတော့ လူတော်တော်များများက Twilight အပေါစား Clone ဖြစ်လာမှာလို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ သမိုင်းမှာ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေ ရုပ်ရှင်တော်တော်များများက အစပိုင်းဒီလိုပဲထင်ခံခဲ့ရတာများတယ်။ ဟိုကပယ်ချလိုက်၊ ဒီက မယူလိုက်နဲ့ စသည်ဖြင့်ပေါ့။ ဒါပေမဲ့လည်း တကယ်တမ်းထွက်လာတော့ ပရိသတ်ရင်ထဲ တန်းရောက်တဲ့ ဆယ်ကျော်သက် Series တစ်ခုဖြစ်လာခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်း Teen Wolf က Low Budget Series တစ်ခုပါ။ သေချာကြည့်လိုက်ရင် မိတ်ကပ်ကထင်သလောက်မကောင်းဘူး၊ CGI တွေညံ့တယ်။ တစ်ခုရှိတာက ဇာတ်အိမ်ကောင်းနေရင် ဘာတွေဘယ်လိုဆိုးနေပါစေ ပရိသတ်က နားလည်ပေးတယ်။ ဒါကို Teen Wolf က အကောင်းဆုံးသက်သေပြသွားတယ်။ အကောင်းဆုံးထက်တောင်ပိုဦးမယ်ထင်ပါတယ်။ Teen Wolf အကြောင်းပြောကြမယ်ဆိုရင် မင်းသား Dylan O’Brian ကိုလုံးဝချန်ထားခဲ့လို့မရပါဘူး။ သမန်းဝံပုလွေနဲ့ သဘာဝလွန်တွေကို တအားဆွဲဆောင်တဲ့ ဘီကွန်ဟေးမြို့ကကြီးက အယ်လ်ဖာ၊ ဘီတာ၊ အိုမီဂါ၊ ဘန်ရှီး၊ ခွေးအ အပါအဝင် အတွင်း ၃၇ မင်း အပြင် ၃၇ မင်းပတ်ပတ်လည်ဝိုင်းနေတဲ့ကြားက သာမန်လူတစ်ယောက်။ ဇာတ်လိုက် စကော့ရဲ့ အကောင်းဆုံးအဖော်၊ အချစ်ရဆုံး သူငယ်ချင်း ပြဿနာတော်တော်များများရဲ့ အဖြေကိုရှာတွေ့ခဲ့တဲ့လူ။ ခပ်တည်တည်နဲ့ ဟာသလုပ်တာတွေက ပရိသတ်ရင်ထဲမှာ အထူးသဖြင့် Teen Wolf ပရိသတ်ကြားမှာ ရေပန်းအစားဆုံး နံပတ် ၁ ဖြစ်လာခဲ့တယ်။ ၂၀၁၁ ခုနှစ်ဆိုတာ သာမန် အပေါစား Series တွေလာတိုးလို့မရတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ Game of Thrones (2011) Black Mirror (2011) Shameless (2011) Grimm (2011) 2 Broke Girls (2011) Suits (2011) Homeland (2011) အဲလိုမျိုး ဒိတ်ဒိတ်ကြဲတွေတင်မကသေးဘူး Breaking Bad ကလည်း သူတို့ရဲ့ Season 4 ကို ၂၀၁၁ မှာ ထုတ်လွှင့်ခဲ့တာ။ ဒီလိုမျိုး တီဗီလောကရဲ့ အအောင်မြင်ဆုံး ဇာတ်လမ်းတွဲတွေကိုထုတ်လွှင့်ခဲ့တဲ့ နှစ်မှာ Low Budget Series တစ်ခုက အောင်မြင်မှုရလာတယ်ဆိုတာ တော်ရုံကောင်းတဲ့ Plot နဲ့တော့ရမှာမဟုတ်ပါဘူး။ စိတ်ထဲမှာတော့ Low Budget ဆိုတာသိတယ်။ ဒါပေမဲ့ တကယ်တမ်းကြည့်လိုက်တဲ့အခါကြတော့ CGI နဲ့ Special Effect တွေကို သတိတောင်မရတော့ပါဘူး။ ဒါတွေကို အကောင်းဆုံးပြန်ခံစားနိုင်အောင်လို့ Quality Update ပြန်လုပ်ပေးလိုက်ပါတယ်။ ပိတ်ရက်မှာ ခံစားကြည့်ကြပါ။ File size…    1 GB Quality… Blu-Ray 1080p Format… mp4 Duration…. 48m Genre ..... Sci-Fi , Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub)

အပိုင်းများ

100 အပိုင်း၊ season 6 season

ဇာတ်လမ်းအကြောင်း