ဇာတ်ကားများ ရွေးရန်

The Boy Next Door

2017ဇာတ်လမ်းတွဲအမှတ် 7.9/10

The Boy Next Door (2017) အညွှန်း ဒီတစ်ခါမှာတော့ K-Drama Fan တွေနဲ့မစိမ်းလှတဲ့ မင်းသားနှစ်ယောက်ဖြစ်တဲ့ Choi Woo Shik နဲ့ Jang Ki Yong တို့ရဲ့ BL vibe ဆန်ဆန်ရစေမယ့် 2017 ခုနှစ်ကထွက်ရှိခဲ့တဲ့ Comedy, Romance, Youth genre အပိုင်းတိုဒရမ်မာ Collection လေးနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း – အခန်းနံပါတ် ၃၀၁ နဲ့ ၃၀၂ ဘေးချင်းကပ်ရပ်နေကြပြီးတော့ တစ်ယောက်နဲ့တစ်ယောက်သိပ်ပြီးအစေးမကပ်ကြတဲ့ ကောင်လေးနှစ်ယောက်ဖြစ်တဲ့ ဘတ်ဂယူထယ် (Choi Woo Shik) နဲ့ ဆုန်းဂီဂျယ် (Jang Ki Yong) တို့ဟာ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုကြောင့် တစ်ခန်းထဲအတူတူနေဖို့ဖြစ်လာပါတော့တယ်။ သူတို့နှစ်ယောက်လုံးနဲ့ရင်းနှီးတဲ့ ဂင်မီနာဆိုတဲ့မိန်းကလေး တစ်ယောက်ကလည်းရှိနေပါသေးတယ်။ အတူတူနေကြပြီးတဲ့နောက် ရင်းနှီးပြီးသံယောဇဉ်ဖြစ်လာကြတဲ့ သူတို့နှစ်ယောက်ကြားက ရယ်စရာ ၊ တလွဲအဖြစ်အပျက်လေးတွေက မီနာ့ကို သူတို့နှစ်ယောက်ကိုကြိုက်နေကြတယ်လို့အထင်မှားစေလာတဲ့အခါ .. ။ တဖြည်းဖြည်းနဲ့မီနာတင်မဟုတ်ဘဲ အခန်းပိုင်ရှင် ၊ သူငယ်ချင်း‌တွေနဲ့ ဘေးပတ်ဝန်းကျင်ကအိမ်နီးချင်း‌တွေအထိပါ အထင်မှားစေလာတဲ့အခါ .. ။ တစ်ခန်းတည်းမှာ အတူတူနေရင်း သံယောဇဉ်တိုးလာကြတဲ့ ဒီနှစ်ယောက်ကြားက ရယ်စရာအဖြစ်အပျက်လေးတွေကို အပိုင်းတိုလေးတွေနဲ့တစ်ထိုင်တည်း ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုနိုင်မှာဖြစ်လို့ ကြည့်သွားကြပါဦး။ တိုတိုလေးပေမယ့် နှစ်ယောက်သားရဲ့ Chemistry က ထိမိဂွိနေတာမို့ ပေါ့ပေါ့ပါးပါးနဲ့ရယ်မောရင်းဘဝအမောဖြေနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Shin နဲ့ Cali ပဲ ဖြစ်ပါတယ်။ (Episode; 1 end) Genre….. Comedy Quality…. 1080p File size… 1GB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Shin and Cali Encoder ….. August

အပိုင်းများ

1 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း