ဇာတ်ကားများ ရွေးရန်

Jinny's Kitchen

2023ဇာတ်လမ်းတွဲအမှတ် 7.8/10

Jinny’s Kitchen Season 2 (2024) Jinny’s Kitchen အစီအစဉ်လေးကတော့ ဒီနှစ်မှာ Season 2အနေနဲ့ ပြန်လာခဲ့ပါပြီ။ အခု Season မှာတော့ မင်းသား Lee Seo Jin ဦးဆောင်တဲ့အဖွဲ့က အိုက်စလန်နိုင်ငံကိုသွားပြီး ကိုရီးယားအစားအသောက်တွေကို ရောင်းချသွားကြမှာပဲ ဖြစ်ပါတယ်။ သူဌေး Lee Seo Jin ရဲ့ လက်အောက်မှာတော့ အမှုဆောင်ဒါရိုက်တာအနေနဲ့ မင်းသမီး Jung Yu-mi၊ မန်နေဂျင်းဒါရိုက်တာအနေနဲ့ မင်းသား Park Seo-jun၊ လက်ထောက်အနေနဲ့ မင်းသား Choi Woo Shik တို့က ရာထူးအသီးသီးတာဝန်ယူပြီး စားသောက်ဆိုင်လေးကို လည်ပတ်သွားကြမှာပါ။ ပြီးတော့ အရင် season တုန်းက အလုပ်သင် Tae Hyung က စစ်မှုထမ်းနေဆဲဖြစ်လို့ မင်းသမီး Go Min-si က အလုပ်သင်အသစ်အနေနဲ့ ပါဝင်သွားမှာပဲဖြစ်ပါတယ်။ နာမည်ကြီးမင်းသား၊ မင်းသမီးတွေအပြင် အိုက်စလန်နိုင်ငံရဲ့ လှပတဲ့ရှုခင်းတွေနဲ့ အတူ စားချင်စဖွယ်ကောင်းတဲ့ ကိုရီးယားဟင်းလျာမျိုးစုံကို မြင်တွေ့ရမှာဖြစ်လို့ CM ပရိသတ်ကြီးလည်း အပတ်စဉ် အတူတူ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ (အညွှန်းကိုတော့ Vanessa မှ ရေးသားပေးထားပါတယ်။) Aired: Jun 28, 2024 - ? Aired On: Friday Genres: Food, Business, Variety Show Episodes: 11 Original Network: tvN Translated by CM Variety Team  Encoded by Tiff

အပိုင်းများ

22 အပိုင်း၊ season 2 season

ဇာတ်လမ်းအကြောင်း