ဇာတ်ကားများ ရွေးရန်

Street Woman Fighter

2021ဇာတ်လမ်းတွဲအမှတ် 9.4/10

Street Woman Fighter Season 1 (2021) ကိုးရီးယားနိုင်ငံကိုယ်စားပြု နံပါတ် ၁ ဖြစ်ဖို့ယှဉ်ပြိုင်ကြရမယ့် မိန်းခလေးအဖွဲ့ ၈ ဖွဲ့၊ Dancing Type မျိုးစုံပါဝင်ပြီး ကိုယ်ဘယ်သူလဲဆိုတာကို သက်သေပြရမယ့် ပွဲတစ်ပွဲဖြစ်ပြီး ကိုယ့်ရဲ့အရည်အချင်းတွေကို အစွမ်းကုန်ထုတ်သုံးပြီး ပြိုင်ပွဲဝင်တိုက်ခိုက်ကြတာကို ကြည့်ရှုရမယ့် Street Woman Fighter ဆိုတဲ့ Variety Show အသစ်လေးကို Channel Myanmar ကနေ တင်ဆက်ပေးလိုက်ပါတယ်။ Kang Daniel က MC အဖြစ် တင်ဆက်ပေးမှာဖြစ်ပြီး ဒိုင်လူကြီးတွေအနေနဲ့တော့ Kwon BoA နဲ့ Lee Tae Yong တို့က ပါဝင်ထားပါတယ်။ ဒါ့အပြင် Guestတွေအဖြစ် နာမည်ကြီးတွေ ဖြစ်ကြတဲ့ CL, Jessi, Choi Soo Young , Choi Yoo Jung, Yves, Lee Young jie နဲ့ PSY အစရှိတဲ့သူအများအပြားလည်း ပါဝင်ထားကြပါတယ်။ အကကို သဘောကျနှစ်သက်သူဖြစ်ပြီး ရောင်စုံစကီလေးများစွာကိုလည်း မြင်တွေ့ရမှာမို့ ပရိတ်သက်ကြီးအနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ဒီ Show လေးကို စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးလို့ တိုက်တွန်းလိုက်ရပါတယ်။ အညွှန်းကတော့ Tar Tee Poe ဖြစ်ပြီးတော့ ဘာသာပြန်တွေကတော့ CM Variety Team ပဲ ဖြစ်ပါတယ်။ Street Woman Fighter Season 2 (2023) Season- 1 မှာ ဝက်ဝက်ကွဲ‌ အောင်မြင်ခဲ့တဲ့ Street Woman Fighter ရဲ့ Season-2 ကို CM က ဘာသာပြန်တင်ဆက်ပေးဖို့ ရောက်ရှိလာပါပြီ။ Season-1 နဲ့ မတူတာကတော့ Season-2မှာ နိုင်ငံတကာက Dancer တွေပါ ပါဝင်လာတာပါပဲ။ ကိုရီးယားအပြင် နိုင်ငံအနှံ့က Dancer တွေထဲကမှ အားလုံးထဲက နံပါတ်တစ်နေရာကို ရရှိဖို့ ပြိုင်ဆိုင်ကြရမှာမို့ စိတ်ဝင်စားဖို့ ကောင်းနေတာထက်ကို ပိုပါတယ်။ အားလုံးစိတ်ဝင်စားကြလည်းနောက်အချက််တစ်ခုက ဒီ season မှာ Kpop Choreographer တွေလည်း အများကြီးပါဝင်လာတာပါပဲ။ ရှယ်လန်းနေတဲ့ Battle တွေနဲ့ အကအမျိုးအစားတွေ အများကြီးရဲ့ အားပြိုင်မှုကို ကြည့်ရမှာမို့ လက်မလွှတ်သင့်တဲ့ အစီအစဉ်ကောင်းပါပဲ။ အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Variety Team ပဲ ဖြစ်ပါတယ်။ TV Show: Street Woman Fighter Country: South Korea Episodes: 9 Aired: Aug 24, 2021 - Oct 26, 2021 Aired On: Tuesday Duration: 1 hr. 50 min Quality: 1080p Size: 1GB Subtitle: Myanmar (Hardsub) Translators: CM Variety Team Encoder: August

အပိုင်းများ

21 အပိုင်း၊ season 2 season

ဇာတ်လမ်းအကြောင်း