Sausage Party: Foodtopia
Sausage Party: Foodtopia(2024) IMDb: 5.8/10 Rotten Tomatoes: 71% Genre: Animation/Adventure/Comedy Sausage Party ရုပ်ရှင်ကိုမသိတဲ့လူမရှိလောက်ဘူးထင်ပါတယ်။ အခုအသစ်ထွက်လာတဲ့ Sausage Party: Foodtopia ကတော့ ယခင်ထွက်ရှိလာတဲ့ Sausage Party ရဲ့အဆက် အပိုင်း ရှစ်ပိုင်းပါတဲ့ စီးရီးစ်တစ်ခုဖြစ်ပါတယ်။ မျက်နှာမြင် ရယ်ချင်ပါစေ၊ အသံကြားအူတက်ပါစေဆိုတဲ့ ဆုနဲ့မွေးကတည်းကပြည့်လာတဲ့ နာမည်ကြီး ဟာသမင်းသား Seth Rogen ဦးဆောင်ပြီး အသံသရုပ်ဆောင်ထားတာမလို့ မရယ်ရမှာတော့ ပူစရာမလိုပါဘူး။ Animation ဆိုပေမယ့် မိသားစုနဲ့အတူကြည့်ဖို့၊ ကလေးတွေကြည့်ဖို့ထုတ်ထားတဲ့ Animation မဟုတ်ပဲ Dark Comedy နဲ့ 18+ တွေဖောဖောသီသီပါဝင်မှာဖြစ်ပါတယ်။ ကြည့်ရတာသဘောတွေ့မယ့်စီးရီးစ်ဆိုလည်းမမှားပါဘူး။ ဇာတ်ညွှန်း ဖရန့်ခ်နဲ့ဘရန်ဒါတို့ဦးဆောင်လာတဲ့ အစားအသောက်တော်လှန်ရေးကြီးဟာ ပထမ Sausage Party ဇာတ်လမ်းမှာအောင်မြင်မှုရခဲ့ပါတယ်။ ဘယ်လောက်တောင်အောင်မြင်လဲဆိုရင် လူသားတွေအကုန်သေတဲ့အထိကိုအောင်မြင်မှုရခဲ့ပါတယ်။ ဖရန့်ခ်ဟာ အစားအသောက်တွေအတွက် အစားအသောက် နိဗ္ဗာန်ဘုံတစ်ခုကိုတည်ဆောက်ခဲ့ပါတယ်။ လူသားတွေမရှိတဲ့ ကမ္ဘာမှာအစားအသောက်တွေကြီးစိုးခဲ့ပါတယ်။ ခက်တာက သူတို့မထင်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းကပေါ်လာခဲ့ပြီး အစားအသောက်တွေအကုန်လုံးက ဖရန့်ခ်တို့ကိုမယုံကြည်တော့ပါဘူး။ ဖရန့်ခ်၊ ဘယ်ရီနဲ့ ဘရန်ဒါတို့သုံးယောက် ဒီကိစ္စကိုဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမှာလဲ။ အစားအသောက် နိဗ္ဗာန်ဘုံကြီးကိုရော ပြီးသည်အထိတည်ဆောက်သွားနိုင်မှာလား။ ဖရန့်ခ်အဖြစ် ဟာသမင်းသား Seth Rogen ဘရန်ဒါအဖြစ် ဟာကမင်းသမီး Kristen Wiig ဆမ်မီအဖြစ် မင်းသား Edward Norton ဘယ်ရီအဖြစ် ဟာသမင်းသား Michael Sera တို့က အသံသရုပ်ဆောင်ထားပါတယ်။ အညွှန်းရေးသားသူ Lucifer Maximoff File Size – 550 MB @Episode Quality – 1080p WEB DL Duration – 24minute (@Episode) Total Episodes: 8 Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Animation/Adventure/Comedy Translator – JimX, Lucifer Maximoff, Zin Sann Oo, Encoder – LegoHeart
အပိုင်းများ
16 အပိုင်း၊ season 2 seasonဇာတ်လမ်းအကြောင်း