ဇာတ်ကားများ ရွေးရန်

My Lady Jane

2024ဇာတ်လမ်းတွဲအမှတ် 7.5/10

အင်္ဂလန်သမိုင်းမှာ ၉ ရက်ပဲ ဘုရင်မဖြစ်ခွင့်ရလိုက်တဲ့ ဘုရင်မ ဂျိန်းဂရေးအကြောင်းကို ကျောရိုးတည်ပြီးရိုက်ကူးထားတာ ဖြစ်ပါတယ် သမိုင်းမှာတော့ Nine Days Queen လို့နာမည်ကြီးပြီး 9 ရက်အကြာမှာ ခေါင်းဖြတ်သတ်ခံလိုက်ရတဲ့ ဘုရင်မပါ .. ဒီဇာတ်လမ်းတွဲမှာတာ့ သမိုင်းကိုအနည်းငယ်ပြောင်းလဲရိုက်ကူးထားပါတယ် ... Jane Grey ဟာ ဂရေးမိသားစုရဲ့ အကြီးဆုံးသမီးဖြစ်ပြီး အမျိုးသမီးတွေပညာသင်ခွင့်မရတဲ့ ခေတ်မှာ စာပေပညာထူးချွန်သူတစ်‌ေယာက်ပါ ..သူ့မိခင် ဖရန်စစ်က သမီးတွေကြည့် 3 ယောက်မွေးထားတာဖြစ်လို့ အမွေဆက်ခံမယ့်ယောက်ျားသားကို လိုချင်တဲ့အတွက် ဒူဒလီ မိသားစုက သားငယ် ဂေးဖို့ဒူဒလီနဲ့ အတင်းလက်ဆက်ပေးစားပါတယ် ဒါပေမယ့် သူတို့ခေတ်မှာ အီသီယန်လို့‌ခေါ်တဲ့ လူတစ်ပိုင်း သားရဲတစ်ပိုင်း သတ္တဝါတွေလည်း အတော်သောင်းကြမ်းနေပါတယ် ... ဂျိန်းလက်ထပ်လိုက်တဲ့ ဂေးဖို့ဟာ အီသီယန်တစ်ကောင်ဖြစ်နေမှန်း သိလိုက်ရတဲ့အခါမှာတော့ လက်ထပ်ပွဲက ပြီးဆုံးကာ အားလုံးနောက်ကျ သွားပါပြီ... တစ်ဆက်ထဲမှာပဲ အင်္ဂလန်ဘုရင် အက်၀က်ဟာ အစ်မဖြစ်သူ နန်းလုသူ မယ်ရီရဲ့ အဆိပ်ခပ်လုပ်ကြုံမှုကို ခံလိုက်ရပါတယ် အက်၀က်မသေခင်မှာ ဂျိန်းကို နန်းလွှဲခဲ့တာ ဖြစ်တဲ့အတွက် ဂျိန်းဂရေးဟာ အင်္ဂလန်ရဲ့ ပထမဆုံး ဘုရင်မဖြစ်လာပြီး အန္တရာယ်တွေပိုဝိုင်းလာပါတယ် ... အီသီယန်တွေနဲ့ နန်းလုချင်သူ အစ်မ မယ်ရီရဲ့ နှစ်ဖက်မှာ ဂျိန်းတစ်ယောက် သမိုင်းထဲကအတိုင်း 9 ရက်နဲ့သေမှာလား သမိုင်းအသစ်ရေးထိုးသွားမှာလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ် အင်္ဂလန်သမိုင်းနောက်ခံကိုမှ မှော်တွေ သားရဲသတ္တဝါအကောင်ကြီးတွေနဲ့ ဖန်တီးရောစပ်ရိုက်ကူးထားပြီး Rating လည်း 7.4 အထိရိုက်ထားတာကြောင့် လက်မလွှတ်တမ်းကြည့်သင့်တဲ့ စီးရီးတစ်ခုပါပဲ File size…(1.1 GB)/(557 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:55:00 Genre...Drama, Comedy, Scifi & Fantasy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Thiha Yan Naing

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း