ဇာတ်ကားများ ရွေးရန်

Cobra Kai

2018ဇာတ်လမ်းတွဲအမှတ် 8.2/10

Season 1 to 6 (complete) ဒီစီးရီးကို IMDb 8.6 ရောက်အောင် လူ ၁၅၀၀၀၀ ကျော် vote ပေးထားပြီး CM fan တွေလည်းတောင်းဆိုနေလို့ တင်ပေးလိုက်ပါတယ်။ ဂန္ဓဝင် Karate Kid 1984 ရုပ်ရှင်ရဲ့ ပရိတ်သတ်တွေဆိုရင်တော့ နာမည်ကြည့်တာနဲ့ ဘာအကြောင်းလဲသိမှာပါ။ စုစုပေါင်း စီစန် ၄ ခု ရှိပြီး အပိုင်း ၄၀ အထိ တင်ဆက်ပေးသွားပါမယ်။ ကရာတေးအသားပေးစီးရီးဖြစ်ပြီး မိသားစု ဒရာမာ၊ အထက်တန်းကျောင်း လူငယ်ရိုမန့်စ်တွေကိုမှ အတိုက်အခိုက်တွေနဲ့ ရောထားတဲ့ ဇာတ်လမ်းမို့ အများစု ကြိုက်ကြမှာပါ။ ဇာတ်လမ်းအကျဉ်း ကရာတေးကစ်ဒ် ရုပ်ရှင်ထဲက အဓိက လူငယ်သရုပ်ဆောင် နှစ်ယောက်ရဲ့ လူကြီးဘဝကို ဆက်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီစီးရီးအစမှာတော့ ကော်ဘရာကိုင် ကရာတေးသမား ဂျွန်နီလောရန့်ဟာ အတော်မွဲနေပြီး အောက်ခြေသိမ်းအလုပ်သမားဖြစ်နေပါပြီ။ စိတ်ထဲမှာလည်း ငယ်ငယ်က အရှုံးဒဏ်ကို ခံနေရတုန်းပါပဲ။ မီရာဂီဒိုကရေးတေးသမား လော်ရုဆိုကတော့ ကားဝပ်ရှော့အကြီးကြီးဖွင့်နေပြီး မိန်းမနဲ့ သမီးနဲ့အောင်မြင်တဲ့သူ ဖြစ်နေပါပြီ။ ကော်ဘရာကိုင် ကရာတေး သင်တန်းလည်း ပိတ်သွားခဲ့တာ ကြာခဲ့ပါပြီ။ ဒါပေမဲ့ တစ်နေ့တော့ လောရမ့်ဟာ အနိုင်ကျင့်ခံနေရတဲ့ကလေးတစ်ယောက်ကို ကူညီရင်းနဲ့ ကော်ဘရာကိုင် ကရာတေးသင်တန်းကိုပြန်စချင်စိတ်တွေဖြစ်လာပြီး စတင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း လော်ရူဆိုက သူ့ရဲ့မီရာဂီဒိုကရာတေးကို ချစ်နေဆဲဖြစ်ပြီး ပြန်သင်ပေးဖို့ တပည့်တစ်ယောက်ရလာတဲ့အခါ ကျောင်းတော်က ရန်စတွေနဲ့ အပြိုင်အဆိုင် ကရာတေးအဖွဲ့ကြီးနှစ်ဖွဲ့ပေါ်လာပါတော့တယ်။ မူရင်းရုပ်ရှင်ထဲက ကရာတေး ဆရာတွေ တပည့်တွေ၊ မျိုးဆက်သစ်တွေ အများကြီးနဲ့ ဇာတ်အိမ်ကောင်းကောင်းရိုက်ကူးထားပြီး တိုက်ခိုက်ခန်းတွေလည်း သေချာသင်ကြားထားတာမို့ အတော်လေးကြည့်ကောင်းတဲ့ နာမည်ကျော်စီးရီးတစ်ခုပါပဲ။ File size…780 MB/ 396 Mb Quality….HEVC 1080p/ 720p Format…mp4 Duration….30 Min Genre...Sport, Action, Family, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Garfield/ Mr. Anderson

အပိုင်းများ

65 အပိုင်း၊ season 6 season

ဇာတ်လမ်းအကြောင်း