No Way Out: The Roulette
No Way Out: The Roulette (2024) အခုတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲအသစ်လေးကတော့ action ကားကြိုက်သူတွေနဲ့ မှုခင်းရေးရာအဖြစ်အပျက် ဇာတ်ကားတွေကို နှစ်သက်ကြသူတွေ သဘောတွေ့စေမဲ့ No Way Out: The Roulette ဆိုတဲ့ action thriller ဇာတ်လမ်းတွဲအသစ်လေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးထဲမှာတော့ ကျွန်တော်တို့ အကုန်လုံးသိပြီးသား မင်းသား မင်းသမီးကြီးတွေဖြစ်ကြတဲ့ Jo Jin Woong၊ Yoo Jae Myung၊ Yeom Jung Ah၊ Kim Mu Yeol၊ Lee Kwang Soo၊ Kim Sung Chul တို့နဲ့အတူ ထိုင်ဝမ်က နာမည်ကြီးမော်ဒယ်မင်းသား Greg Hsu က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရက်စက်လှတဲ့ပြစ်မှုကို ကျူးလွန်ခဲ့တဲ့ ရာဇဝတ်သားတစ်ယောက်ဖြစ်တဲ့ ဂင်ဂုဟို (Yoo Jae Myung) ဟာ ထောင်ထဲမှာ 13နှစ်ကြာ အပြစ်ဒဏ်ခံယူပြီး လွတ်မြောက်လာတဲ့အခါ မျက်နှာဖုံးစွပ်ပြီး ဆုံလည်ကိုလှည့်ကာ ပစ်မှတ်ကိုရွေးတတ်တဲ့ အမည်မသိသူတစ်ယောက်က ဂင်ဂုဟိုရဲ့ ခေါင်းကို ဖြတ်ပြီး သတ်နိုင်တဲ့သူကို ဝမ် 15 ဘီလီယံပေးမယ်လို့ ပြည်သူလူထုကို ကမ်းလှမ်းခဲ့ရပါတယ်။ ဂင်ဂုဟိုဟာ ရှေ့နေအီဆန်ဘုံး (Kim Mu Yeol) ကို သူ့တရားရေးရာဆိုင်ရာ ပြောခွင့်ဆိုခွင့်ရှိသူတစ်ယောက်အဖြစ်ခန့်အပ်ခဲ့ပြီး စုံထောက်ဘဲ့ဂျုံရှစ် (Jo Jin Woong)ဟာ ထိုရာဇဝတ်သားဂင်ဂုဟိုကို ပိုက်ဆံရရင် ဘာမဆိုလုပ်မယ်ဆိုတဲ့သူတွေရဲ့ လက်ထဲကနေ လွတ်မြောက်အောင် ဘယ်လိုကယ်တင်သွားမလဲ။ တစ်ဖက်မှာလည်း ပိုက်ဆံတွေ ဆုံးရှုံးထားတဲ့ သားသတ်သမား ယွန်းချန်းဂျယ်(Lee Kwang Soo) ကရော သူ့ပိုက်ဆံတွေပြန်ရဖို့ ဘယ်လိုလုပ်ကိုင်သွားမလဲ..။ ဘယ်လိုအခြေအနေတွေထဲ ပါဝင်သွားမလဲဆိုတာကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ (အညွှန်းကိုတော့ Theint မှ ရေးသားထားပါတယ်။) Aired: Jul 31, 2024 - ? Aired On: Wednesday Genres: Action, Thriller, Mystery, Crime Episodes: 8 Original Network: Disney+ Translated by Heather, Thet Hnin, Theint, Phyu Sin, Alice & Saung Yupar Encoded by Tiff
အပိုင်းများ
8 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း