ဇာတ်ကားများ ရွေးရန်

The Heavenly Idol

2023ဇာတ်လမ်းတွဲအမှတ် 7.4/10

The Heavenly Idol (2023) အားလုံးစောင့်မျှော်နေကြတဲ့ အချစ်တော်ဂင်မင်ဂယူရဲ့ဇာတ်ကားသစ်လေး Heavenly Idol ဟာဆိုရင် Idol တစ်ဦးရဲ့ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားတဲ့ နတ်ဘုရားတစ်ပါးအကြောင်းကို ရိုက်ကူးပုံဖော်ထားဖြစ်ပါတယ်။ Debut ပြီး ၅ နှစ်ကြာတဲ့အထိ အောင်မြင်မှုရယ်လို့ မည်မည်ရရ မရှိသေးတဲ့ Idol Group အဖွဲ့ဝင် Woo Yeon-Woo ရဲ့ ခန္ဓာကိုယ်ထဲကို Pontifex Lembrary လို့ခေါ်တဲ့ နတ်ဘုရားတစ်ပါး ဝင်ရောက်လာပြီးတဲ့နောက်မှာတော့ အခြေအနေတွေဟာ သူမတူအောင် ပြောင်းလဲသွားပါတော့တယ်။ အင်အားအကြီးမားဆုံးသော နတ်ဘုရားစွမ်းအင်ကို ရရှိထားပေမဲ့ မကောင်းဆိုးဝါးနဲ့တိုက်ခိုက်ရင်း Idol တစ်ဦးရဲ့ခန္ဓာကိုယ်ထဲကို ရောက်သွားတဲ့ နတ်ဘုရားဟာ ကမောက်ကမတွေဖြစ်ခဲ့ရပေမဲ့လို့ စန်းကျပြီး အဖွဲ့ဖျက်သိမ်းရတော့မလိုဖြစ်နေတဲ့ Woo Yeon-Woo တို့ Idol အဖွဲ့ကို ဘယ်လိုအပြောင်းအလဲတွေ ယူဆောင်လာပေးမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Rom-Com Fantasy ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်လို့ လက်မလွှတ်တမ်း စောင့်ကြည့်လိုက်ကြပါဦးနော်။ အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe Thet Winn, Lai Laii, Shin Shin, Cali တို့ပဲ ဖြစ်ပါတယ်။ Genre..... Sci-fi & Fantasy, Drama Quality…. 1080p | 720p File size… 1GB | 300MB Format… mp4 Duration…. 1h Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn, Lai Laii, Shin Shin, Cali Encoder ..... August

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း