Full House
Full House (2004) အပိုင်း (1 မှ 16) စ/ဆုံး တစ်ခေတ်တစ်ခါတုန်းက အရမ်းနာမည်ကြီးခဲ့တဲ့ ချစ်စံအိမ်ကားလေးကို ပြန်လည်ကြည့်ရှုခံစားကြရအောင်။ ချစ်စံအိမ်ဆိုရင် လူတိုင်းသိပြီးသားဇာတ်ကားဖြစ်မှာပါ။ Jung Ji Hoon (Rain) နဲ့ Song Hye Kyo တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ ဟန်ဂျီအွန်းဟာ စာရေးဆရာမဖြစ်ဖို့ကြိုးစားနေတဲ့သူဖြစ်ပြီး သူ့မိဘတွေအမွေချန်ထားပေးခဲ့တဲ့အိမ်ကြီးမှာနေထိုင်ပါတယ်။ ဖြစ်ချင်တော့ သူခရီးသွားနေတဲ့အချိန်မှာ သူ့သူငယ်ချင်းနှစ်ယောက်က သူ့အိမ်ကို အီယောင်ဂျယ်ဆိုတဲ့ နာမည်ကြီးသရုပ်ဆောင်မင်းသားတစ်ယောက်ကိုရောင်းပစ်လိုက်ပါတယ်။ ခရီးကပြန်ရောက်ပြီး ဂျီအွန်းအိမ်ကိုပြန်ရောက်လာတဲ့အခါမှာ ယောင်ဂျယ်နဲ့ထိပ်တိုက်တွေ့ကြပါတော့တယ်။ နှစ်ယောက်သားက တစ်စက်မှမတည့်ပေမဲ့ အဲဒီအိမ်မှာပဲ အတူတူနေဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ ဟန်ဂျီအွန်းက အိမ်မှုကိစ္စတွေအားလုံးလုပ်ပေးရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပါ။ အတူတူနေရင်းနဲ့ အကြောင်းတစ်ခုကြောင့် နှစ်ယောက်သားဟန်ဆောင်လက်ထပ်ဖို့ဖြစ်လာကြတဲ့အခါ မတည့်အတူနေနှစ်ယောက်ရဲ့ တကျက်ကျက်ရန်ဖြစ်ရင်းနဲ့ သံယောဇဥ်တွယ်လာကြတာကို ကြည့်ရှုရမှာပါ။ အညွှန်းကိုတော့ Yee Waiက ရေးသားပေးထားပါတယ်။ Genres : Comedy, Romance, Drama Duration : 1hr 10m Episodes : 16 Original Network: KBS2 File Size: 720p(~ 820MB) , 1080p(~2.13GB) Translated by Hay Thar Oo, Khine Khine Wai, Yee Wai, Windi & Win Encoded by Tiff
အပိုင်းများ
16 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း