ဇာတ်ကားများ ရွေးရန်

Love Is in the Air

2020ဇာတ်လမ်းတွဲအမှတ် 8.2/10

Love Is In The Air(2020)အယ်ဒါမုန်းတဲ့ဆာကန် အပိုင်း (၁ မှ ၁၀၄) ထိ စ/ဆုံး ခုတလော လောင်တာတွေများတော့ ချောကလက်ပေါ် ပျားရည်လူးထားသလို ချိုမြန် လှပတဲ့ တူရကီစီးရီးလေးကိုတင်ဆက်ပေးလိုက်ပါ့မယ်..ဒီစီးရီးက ကျွန်တော်တို့ CMမှာ ခဏ ခဏ လာတောင်းကြသလို အပိုင်းလည်းများပြီး ပြန်ဖို့ တင်ဖို့ စသည့်အထွေထွေအခက်အခဲများကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရပါတယ်... မူရင်း တူရကီနာမည်ကတော့ Sen Çal Kapimi လို့အမည်ရပါတယ်...သို့သော် တူရကီနာမည်ဖြစ်လို့ CM ပရိတ်သတ်တွေမှတ်ရခက်နေနိုင်လို့  IMDB,TMDBတို့က E နာမည်ကိုပဲ ယူပေးထားပါတယ်... မူရင်းက ၅၂ပိုင်းရှိတယ်ဆိုပေမဲ့  ပြသချိန်တစ်ပိုင်းကို ၂နာရီခွဲနီးပါးကြာမြင့်တာရော Tele တင်ဖို့ အခြေနေကြောင့် ကျွန်တော့်တို့ ၂ခုဖြတ်လိုက်မှာဖြစ်ပါတယ် .... Official episode -52 ပိုင်းဖြစ်ပြီး tele မှာတင်ဖို့အတွင် official episode တစ်ပိုင်းကို tele episode ၂ ပိုင်းခွဲတင်ပေးမှာမလို့ tele episode-104 ပိုင်းထိဖြစ်သွားပါ့မယ်... ဇာတ်လမ်းအကျဉ်း.... ဆာကန်ဆိုတဲ့ ယောက်ျားတစ်ယောက် ငယ်ရွယ်ထက်မြက်သလို တူရကီနိုင်ငံရဲ့ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်ထဲမှာပါတယ်..ခံစားချက်ကိုဦးစားမပေးဘူး... အလုပ်ကို စက်ရုပ်ဆန်ဆန်လုပ်လေ့ရှိသလို  အလုပ်နဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်ချရမှာလည်း နည်းနည်းမှတွန့်ဆုတ်တတ်တဲ့လူစားမျိုးမဟုတ်ဘူး....တစ်နေ့တော့ သူဟာ ကုမ္ပဏီရဲ့ မလိုလားအပ်တဲ့ ဘက်ဂျက်တွေလျှော့ချဖို့ လက်ထောက်ကိုခိုင်းလိုက်ပါတယ်... ဒီအထဲမှာ စကားလားရှစ်ပေးတဲ့ ပရိုဂရမ်တွေပါပါသွားတယ်... ဒီကိစ္စကို ဆာကန်က မသိလိုက်ဘူး..သို့သော် ကုမ္ပဏီအတွက်ဒီစကောလားရှစ် ရုတ်သိမ်းလိုက်ရတာ ဘာမဟုတ်ဘူးဆိုပေမဲ့ စကားလားရှစ်ပါတဲ့ ကျောင်းသားကျောင်းသူတွေအတွက်တော့ အိပ်မက်တွေကို တစ်စစီရိုက်ချိုးလိုက်သလိုပါပဲ..ဒီအထဲမှာ အယ်ဒါဆိုတဲ့ တစ်ဇွတ်ထိုးတစ်ဇောက်ကန်းကောာင်မလေးလည်း ပါပါတယ်... ဒီကောင်မလေးနဲ့ စက်ရုပ်ကြီး ဦးဆာကန်တို့ ထိပ်တိုက်တွေ့ကြတဲ့အခါမှာတော့... အပိုင်းရှည်လို့ မကြိုက်တဲ့သူတွေအတွက်တော့ လက်ရှောင်လိုက်ကြပါ... တခြားသူတွေအတွက်တော့ လုံးဝ 100% ညွှန်းဆိုပါတယ်..ကြည့်ကြပါ... အားလုံးဟာ လုံးဝလှပနေသလို ဇာတ်လမ်းကလည်းအရမ်းကိုဆွဲဆောင်မှုရှိပါတယ်.. အခန်းတိုင်းဟာ ကိုယ့်ရင်ခုန်သံကိုကိုပြန်ကြားရလောက်အောင် စိတ်လှုပ်ရှားရင်ဖိုရတာမို့  ကြည့်ကြပါလို့... Aired: Oct 20, 2020 Genres: Comedy, Romance, Drama Duration: 65 mins Episodes: 52 (Tele Episdoe-104) Original Network: FOX File Size: 720p(~450MB) , 1080p(900MB) Translated by Lin Aung, Yee Wai, Shwe Pyae, Thet Hnin Hsu,Hay Thar Oo,Khine  Khine Wai & Thinn Thinzar Encoded by Phyo Pyae

အပိုင်းများ

104 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 104 အပိုင်း

ဇာတ်လမ်းအကြောင်း