ဇာတ်ကားများ ရွေးရန်

Meow, the Secret Boy (or) Welcome

2020ဇာတ်လမ်းတွဲအမှတ် 6.9/10

Welcome drama လေးကတော့ fantasy romantic comedy drama အမျိုးအစားဖြစ်ပြီးတော့ webtoon ကိုအခြေခံပြီးရေးထားတာဖြစ်ပါတယ် ၊ ခေါင်းဆောင်မင်းသား Hong-Zo (Kim Myung Soo) ကိုအားလုံးသိထားကြပြီးသားဖြစ်မှာပါ... Angle last's mission ထဲက ပါးချိုင့်လေးနဲ့နတ်သားလေးကို ဒီဇာတ်လမ်းထဲမှာတော့ လူသားအသွင်ပြောင်းနိုင်တဲ့ ကြောင်လေးတစ်ကောင်အဖြစ်နဲ့ မြင်ရတော့မှာပါ ၊ သူ့ရဲ့တာဝန်ကတော့ သူရဲ့သခင် Sol Ah ရဲ့တစ်နေ့တာပူပန်မှုတွေကိုနားထောင်ပေးပြီး ဒဏ်ရာတွေကုစားပေးရမှာပါ ။ မင်းသမီးလေးကတော့ 'He is Psychometric' ဇာတ်ကားနဲ့ လူသိများလာတဲ့ နှာခေါင်းမည့်လေးနဲ့ ရိုးရိုးရှင်းရှင်းလေးနဲ့လှတဲ့မင်းသမီးလေး Sol Ah တစ်ဖြစ်လဲ Shin Ye Eun ပဲဖြစ်ပါတယ် ၊ သူမကတော့ web-based comic author ဖြစ်ချင်နေတဲ့သူတစ်ယောင်ပါ ၊ ကြောင်လေးတွေကိုအရမ်းချစ်တတ်တဲ့သူပေါ့ ... Sol Ah ရဲ့ဘဝအပြောင်းအလဲကတော့ ချစ်ဖို့ကောင်းတဲ့ကြောင်လေးတစ်ကောင်ကို အိမ်ကိုခေါ်လာမိရာကနေစတင်ပါတော့တယ် ၊ အဲ့ကြောင်လေးကတော့ သာမန်ကြောင်လေးတစ်ကောင်မဟုတ်ဘဲနဲ့ လူသားအသွင်ဖန်တီးနိုင်တဲ့ကြောင်လေးတစ်ကောင်လည်းဖြစ်ပါတယ် ၊ နာမည်ကတော့ Hong Jo ပေါ့... Hong Jo လေးဟာ Sol Ah လေးအတွက်အချစ်ရဆုံးသောကြောင်လေးတစ်ကောင် ဖြစ်လာခဲ့ပါတယ် ၊ သူ့ရဲ့အစွမ်းသတ္တိကိုဖုံးကွယ်ပြီးတော့ Sol Ah အနားမှာနေရဖို့အတွက် ဘာမဆိုလုပ်နိုင်တယ်ဆိုတာကိုလည်း သက်သေပြနိုင်ခဲ့ပါတယ် ကဲ ကြောင်လေး Hong Jo တစ်ယောက် သူ့ရဲ့လျှို့ဝှက်ချက်ကိုတစ်သက်လုံးဖုံးကွယ်သွားနိုင်မလား ၊ ဒါမှမဟုတ် ကြောင်လေးနဲ့လူသားကြားထဲက ချစ်ခြင်းမေတ္တာတွေက ဘယ်လောက်တောင်နက်ရှိုင်းလာမလဲ ဘယ်လိုဆန်းကြယ်မှုတွေကို တွေ့မြင်ရမလဲဆိုတာကို... ဗုဒ္ဓဟူးနေ့နဲ့ကြာသပတေးနေ့မှာ လာတဲ့ ဒီ Welcome ဆိုတဲ့ဒရမ်မာလေးကနေ ဆက်လက်စောင့်ကြည့်ပေးကြပါဦး ၊ အပိုင်းကတော့ ၃၂ ပိုင်းပါဝင်သွားမှာဖြစ်ပြီးတော့ တစ်ပတ်ကို ၄ ပိုင်းနှုန်းနဲ့ ထုတ်လွှင့်သွားမှာဖြစ်ပါတယ် ။ (အညွှန်းနဲ့ဘာသာပြန်သူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ်) Drama: Meow: The Secret Boy / Welcome Hangul: 어서와 Director: Ji Byung-Hyun Writer: Go A-Ra (webcomic), Joo Hwa-Mi Type: Comedy , Romance , Drama Network: KBS2 Release Date: March 25, 2020 File size__( 500 MB) Quality__WebDL-720p Format__mp4 Type__Comedy , Drama , Romance Subtitle__Myanmar Subtitle (Hardsub) Translated by Shoon Thu Thu Chain Encoded by Naing Aung Latt

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း