ဇာတ်ကားများ ရွေးရန်

100 Days My Prince

2018ဇာတ်လမ်းတွဲအမှတ် 8.0/10

CM က ဒရာမာချစ်သူတွေစိတ်တိုင်းကျမဲ့ old but gold ဇာတ်လမ်းဟောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ ငယ်ငယ်ကတည်းက ဆော့ကစားရင်း ဆုံတွေ့ခဲ့ကြတဲ့ ဘုရင့်တူတော် အီယူးလ်နဲ့ ဘုရင့်ညာလက်ရုံးဖြစ်သူ စစ်သူကြီးရဲ့သမီး ယွန်းအီဆောတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို အလှည့်အပြောင်းများစွာနဲ့ ရိုက်ပြထားတာဖြစ်ပါတယ်။ တစ်ညမှာ ယွန်းအီဆောကို မြင်မြင်ချင်းကြွေမိသွားတဲ့ အီယူးလ်က အီဆော အထင်ကြီးအောင်စာတွေကြိုးစားကျက်မှတ်ထားတာကိုပြဖို့ အဖေဖြစ်သူရဲ့ အပြင်မထွက်ပါနဲ့ဆိုတဲ့ အမှာစကားကို ဆန့်ကျင်ပြီး ထွက်လာခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲညဟာ အီယူးလ်ရဲ့ အဖေဖြစ်သူက အစ်ကိုတော်ဘုရင်ကို သစ္စာဖောက်ပြီး နန်းလုတဲ့အချိန်ဖြစ်တာကြောင့် ဘုရင့်ညာလက်ရုံး စစ်သူကြီးတို့တစ်မိသားစုလုံးပါ ကွပ်မျက်ခံရတဲ့ညဖြစ်နေပါတော့တယ်။ ဒါကို အီယူးလ်လေးကလည်း မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပြီး ယွန်းအီဆောကတော့ အစ်ကိုဖြစ်သူနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ အဲကတည်းက သူတို့ ၂ ဦးကွဲကွာသွားရပြီး ဘယ်လိုကံကြမ္မာအလှည့်အပြောင်းတွေနဲ့ ပြန်တွေ့မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါခင်ဗျ။ ဒီဇာတ်လမ်းတွဲကို အားလုံးရဲ့အချစ်တော် Exo က DO နဲ့ မင်းသမီးလေး နမ်ဂျီဟျွန်းတို့က ပါဝင်သရုပ်ဆောင်ထားကြပြီး ဂင်ဆွန်းဟို နဲ့ ဟန်ဆိုဟီးတို့လို နာမည်ကြီးသရုပ်ဆောင်တွေကပါ ပါဝင်အားဖြည့်ပေးထားပါတယ်။ Episodes: 16 File Size:1.1GB, 500MB Quality :Web-DL 1080p,720P Genres: Historical, Comedy, Romance, Drama Translated by  Chothet_mlmt , Miri , Windi, Yee Wai  &  Tiff Encoded by  Phyo Pyae

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း