Personal Taste
Personal Taste(2010) စ/ဆုံး ဒီတစ်ခေါက် Channel Myanmar ကနေ တင်ဆက်ပေးလိုက်တဲ့ ဇာတ်လမ်းတွဲလေးကတော့ K-drama လောကမှာ မသိတဲ့သူမရှိတဲ့ နာမည်ကြီးမင်းသား Lee Min-ho နဲ့ Crash Landing on You ထဲက မင်းသမီး Son Ye-jin တို့ရဲ့ 2010ခုနှစ်က ထွက်ရှိထားတဲ့ Personal Taste လို့ အမည်ရတဲ့ ရိုမန့်တစ်ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ် နာမည်ကြီးမင်းသား၊မင်းသမီးတွေ ရိုက်ထားတဲ့ ဇာတ်လမ်းဟောင်းလေးဖြစ်တာကြောင့် မတူညီတဲ့ရသခံစားချက်ကို ပေးစွမ်းနိုင်မှာပါ ဇာတ်လမ်းအညွှန်း အလွဲလွဲအချော်ချော်တွေနဲ့ လူတကာကို လွယ်လွယ် ယုံကြည်တတ်တဲ့ မရင့်ကျက်သေးတဲ့ ဘတ်ဂယ်အင်က ချစ်သူရည်းစားဆီကနေ ရက်စက်မှုကို ခံလိုက်ရတဲ့အတွက် အချစ်ကို စိတ်နာနေတဲ့ ကောင်မလေးပါ ရုပ်ရည်ချောမော စတိုင်လ်ကျပြီး အသန့်ကြိုက်လွန်းတဲ့ ဂျောင်ဂျင်ဟိုကတော့ ရုပ်နဲ့မလိုက်အောင် တစ်ကိုယ်ကောင်းဆန်တဲ့ကောင်လေးပါ ဘတ်ဂယ်အင်က ချစ်ခြင်းမေတ္တာတို့ဆုံစည်းရာဆိုတဲ့ အိမ်လေးထဲမှာ သူနဲ့အတူနေထိုင်ဖို့အတွက် Straight ကောင်လေးတွေအစား Gay အခန်းဖော်ကောင်လေးကို ရှာပါတော့တယ် အဲဒီအချိန် ချစ်ခြင်းမေတ္တာတို့ဆုံစည်းရာဆိုတဲ့ အိမ်ကို အကြံအစည်တစ်ခုကြောင့် ဝင်ခွင့်ရဖို့ကြိုးစားနေတဲ့ ဂျောင်ဂျင်ဟိုက သူ့ကိုယ်သူ Gay လို့ ညာပြီး ဘတ်ဂယ်အင်ရဲ့ အခန်းဖော်အဖြစ် ဝင်ရောက်နေထိုင်ဖို့ဖြစ်လာပါတယ် တစ်ကိုယ်ကောင်းဆန်တဲ့သူနဲ့ လူတွေကို အယုံလွယ်ပြီး မရင့်ကျက်တဲ့သူတို့ရဲ့ကြားမှာ အချစ်တွေ ဘယ်လိုပေါက်ဖွားလာမလဲ... သူတို့တွေရဲ့ ကြားထဲမှာရော ပြဿနာဆိုတာက ရိုးရှင်းတဲ့ အချစ်ရေးကိစ္စလေးတင်ဖြစ်ပါ့မလား.... ချစ်ခြင်းမေတ္တာတို့ဆုံစည်းရာဆိုတဲ့ အိမ်လေးမှာရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေဦးမလဲ... ရိုးရှင်းတဲ့အချစ်ဇာတ်လမ်းတွဲလေးဆိုတာအပြင် အခက်အခဲတွေကြားက အိပ်မက်တွေ၊ ကြားလူတွေရဲ့ အနှောင့်အယှက်တွေ၊ မိဘတွေရဲ့မကြည်ဖြူမှုတွေ စသည်ဖြင့် ပြဿနာပေါင်းစုံကို နှစ်ယောက်အတူကျော်လွှားကြပုံနဲ့ အချစ်ချိုချိုလေးကို အဓိကထားပြီး ရသစုံကို ခံစားကြည့်ရှုနိုင်မဲ့ ဇာတ်လမ်းတွဲလေးတစ်ပုဒ်ပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းကိုတော့ Yati Naing မှ ရေးသားပေးထားပါတယ် Drama: Personal Taste Genres: Comedy, Romance Country: South Korea Episodes: 16 Aired: Mar 31, 2010 - May 20, 2010 Aired On: Wednesday, Thursday Original Network: MBC Duration: 1 hr. 5 min. Translated by Kaung Htet Zin, Yee Wai, Wutyi, Hazelle, Miri, Su Sandi, Kay, Stary & PhyuSin Encoded by Heather Oo
အပိုင်းများ
16 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း