Seoul Busters
Seoul Busters (2024) ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးကို High Kick, Potato Star စတဲ့ sit-com တွေရဲ့ ပဲ့ကိုင်ရှင်စာရေးဆရာတို့ရဲ့ လက်ရာအသစ် မှုခင်းဟာသ ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ။ ဒီကားလေးမှာတော့ The Guest , The King of Pigs စတဲ့ ဇာတ်လမ်းတွဲများထဲမှ Daesang ဆုရှင်မင်းသား Kim Dong -Wook၊ Our Blues, The Roundup ထဲမှ မင်းသားကြီး Park Ji Hwan၊ A Shop For Killler ထဲမှ မင်းသား Seo Hyun-Woo ၊ Alice The Final Weapon ထဲမှ ချစ်စရာကောင်းတဲ့ မင်းသမီးလေး Park Se -Wan အပြင် Our Beloved Summer ထဲမှ Lee Seung- Woo တို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ..... Dongbang Yoo-Bin (Kim Dong-Wook) ဆိုသူဟာ ရုပ်ချောပြီး ဥာဏ်ကောင်းတဲ့အပြင် အားကစားဘက်မှာလည်း ထူးချွန်ပြီး ချို့ယွင်းချက်ရယ်လို့မရှိတဲ့ လူတစ်ယောက်ဖြစ်တဲ့အပြင် နိုင်ငံရပ်ခြားက နာမည်ကြီးတက္ကသိုလ်တစ်ခုမှာ စာသင်ကြားပေးတဲ့ ပါမောက္ခ တစ်ယောက်လည်း ဖြစ်ပါတယ်။ လူတော်တစ်ယောက်ဖြစ်တာကြောင့် သူ့ကို တက္ကသိုလ်ရဲ့ ဌာနအကြီးအကဲတစ်နေရာမှာ အလုပ်လုပ်ပေးဖို့အတွက် ကမ်းလှမ်းလာခဲ့ပေမဲ့ အဲဒီကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး မွေးရပ်မြေ ကိုရီးယားကိုပြန်လာကာ ဆုန်းဝန်းရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ ၂ ရဲ့ ခေါင်းဆောင်အဖြစ်နဲ့ စေတနာ့ဝန်ထမ်းဝင်လုပ်ပါတော့တယ်။ ဂျူဒိုကစားသမားဟောင်းဖြစ်ပြီး ဘူဒိုဇာဆိုတဲ့ နာမည်ပြောင်ရှိတဲ့ Mu Joong-Ryeok (Park Ji-Hwan)၊ နိုင်ငံ့ကိုယ်စားပြု သေနတ်ပစ်သမားဟောင်းဖြစ်တဲ့ Jung Jung-Hwan (Seo Hyun-Woo)၊ အဖွဲ့ရဲ့ တစ်ဦးတည်းသော မိန်းကလေးစုံထောက်ဖြစ်ပေမဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ မလိုက်ဖက်လောက်အောင် ကြမ်းတမ်းပြီး ခေါင်းမာတာကြောင့် ဒေါသအိုးလို့အခေါ်ခံရတဲ့ Seo Min-Seo (Park Se-Wan) နဲ့ အဖွဲ့ရဲ့ အငယ်ဆုံးစုံထောက်တစ်ဖြစ်လဲ အမှားအများဆုံးလုပ်တတ်တဲ့ လူသစ်လေး Jang Tan-Sik (Lee Seung-Woo) တို့က အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ ၂ ရဲ့ အဖွဲ့ဝင်တွေဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ တော်တတ်လွန်းတဲ့ အဖွဲ့ခေါင်းဆောင် Dongbang Yoo-Bin ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ ၂ ရဲ့ ပင်ကိုစရိုက်တွေမတူကြတဲ့ အဖွဲ့သားတွေနဲ့ တွေ့ဆုံဖို့ဖြစ်လာပြီး စိတ်ဝင်စားစရာကောင်းတဲ့အမှုတွေကို အလွဲတွေနဲ့ ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း Channel Myanmar ကနေ တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ရှုစားပေးပါဦးနော်။ (အညွှန်းကိုတော့ Su Sandi မှ ရေးသားထားပါတယ်။) Aired: Sep 11, 2024 - ? Aired On: Wednesday Genres: Mystery, Comedy, Drama Episodes: 20 Original Network: Disney+ Translated by Heather Oo, Yati Naing, Theint, Esth, Stary, Su Sandi & Zoronoa Encoded by Tiff
အပိုင်းများ
20 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း