My Deer Friend Nokotan
Social Media မှာ နာမည်ကြီးနေတဲ့ Shika Noko Noko ဆိုတဲ့ သီချင်းလေးရဲ့ Anime ဖြစ်တဲ့ သူငယ်ချင်း သမင်မလေး My Deer Friend Nokotan ကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီ Anime လေးကတော့ ဇာတ်လမ်းဇာတ်အိမ်ပိုင်းက အဲဒီလောက် မဟုတ်ပေမဲ့ ဟာသပိုင်းကတော့ ခွီနေရတာနဲ့တင် တစ်နေ့တာ ပင်ပန်းခဲ့တာတွေ အမောပန်းပြေစေမှာပါ။ Nokotan နေရာ အသံသရုပ်ဆောင်ထားတာလည်း ကလေးသံလေးနဲ့မို့ ချစ်စရာလည်းကောင်း အမြင်ကပ်စရာလည်း ကောင်းနေမှာ အမှန်ပါပဲ။ သူ့ရဲ့ ဇာတ်လမ်းလေးကတော့ အထက်တန်းကျောင်းတစ်ကျောင်းမှာ Koshi ဆိုတာ တစ်ကျောင်းလုံးသာမက ပတ်ဝန်းကျင်ကပါ လေးစားအားကျရတဲ့ ဘက်စုံထူးချွန်သူ ဒုတိယနှစ်ကျောင်းသူ အချောအလှလေးပေါ့လေ။ ဒါပေမဲ့ သူ့မှာ သူများတွေ မသိရတဲ့ မှောင်မိုက်တဲ့အတိတ်ဆိုးကြီးတစ်ခု ရှိပါတယ်၊ အဲဒါကတော့ အရင်တုန်းက သူက ဆိုးသွမ်းခဲ့တဲ့ ဂိုဏ်းလူမိုက်တစ်ယောက်ပါ။ အဲဒီသရုပ်မှန်ကို ဖုံးဖိဟန်ဆောင်နေရင်း တစ်ရက်ကျ ထူးထူးဆန်းဆန်း သမင်ချိုပေါက်နေတဲ့ ကျောင်းပြောင်းလာတဲ့ (Nokotan) ကောင်မလေးတစ်ယောက်နဲ့ တွေ့ပြီး ဒီကောင်မလေးက သူ့ရဲ့ သရုပ်မှန်တွေကို သိနေတာဖြစ်လို့ သူ့နောက်ကို တစ်ကောက်ကောက်လိုက်ရင်း ဝေဒနာဒုက္ခတွေပေးလို့ Koshi တစ်ယောက် ပြဿနာတက်ရမှာတွေကို ရယ်စရာမောစရာအဖြစ် ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ရှေ့မှာပြောထားသလိုပဲ Plot အကြီးစား မဟုတ်ပေမဲ့လို့ တစ်ပိုင်းတစ်ပိုင်း ခွီနေရတာနဲ့တင် တန်ပါတယ်၊ နာမည်ကျော် Deadpool တို့လိုပဲ သူက ကြည့်ရှုသူတွေကို 4th Wall Breaking စတိုင်နဲ့ လှမ်းလှမ်းပြီး စကားပြောထားဟန်တွေရော ခုထိ ကြည့်ထားရသလောက် တခြား Pop Culture တွေဖြစ်တဲ့ Tokyo Revengers တို့ Your Lie in April တို့ Jo Jo တို့ Resident Evil တို့ကိုလည်း နောက်ပြောင်ထားတာကို မြင်ရဦးမှာပါ။ တစ်ပတ်တစ်ပိုင်း တင်ဆက်ပေးသွားမှာဖြစ်လို့ အားပေးကြည့်ရှုကြဖို့လည်း ဖိတ်ခေါ်လိုက်ပါရစေဗျာ။ File size… 300 MB Quality… Web-DL 1080p Format… mp4 Duration…. 25 m Genre ..... Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung
အပိုင်းများ
12 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း