ဇာတ်ကားများ ရွေးရန်

Can We Get Married?

2012ဇာတ်လမ်းတွဲအမှတ် 6.9/10

Can We Get Married? (2012) စ/ဆုံး မနေ့ကပဲ ဇာတ်သိမ်းသွားပြီဖြစ်တဲ့ Love Next Doorထဲက ဆော့ရူ(Jung So Min)နဲ့... I Need Romance,Hyde Jekyll Meထဲက (Sung Joon)တို့ အပြင်... Queen of Tears ထဲက (Lee Mi Sook)နဲ့ တခြား ဇာတ်ပို့ သရုပ်ဆောင်တွေ... အများကြီး ပါဝင်ထားတဲ့ Can We Get Marriedဆိုတဲ့... Family, Romance စီးရီးဟောင်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းလေးကတော့ စုံတွဲတစ်တွဲချင်းစီရဲ့ အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ မိသားစုရေးရာ အဖြာဖြာကို... ရသစုံလင်အောင် ပုံဖော် ရိုက်ကူးထားထားပဲ ဖြစ်ပါတယ်။ ဟယ်ယွန်း(Jung So Min)က လက်တွေ့ဆန်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီးတော့... သူ့ကို အမှန်တကယ် ချစ်မြတ်နိုးတဲ့ ဂျောင်ဟွန်း(Sung Joon)နဲ့ လက်ထပ်ပြီး.... သာမန်ဘဝလေးမှာ နေထိုင်ချင်တဲ့ ကောင်မလေးပါ။ ဒါပေမဲ့ လက်ထပ်ဖို့ ပြင်ဆင်နေတဲ့ ကာလအတွင်းမှာပဲ အခက်အခဲ မျိုးစုံကို ရင်ဆိုင်ရပါတယ်။ အဓိက က‌တော့ ငွေမက်တဲ့ သူ့အမေ အီဒူဂျာကြောင့်ပါပဲ။ သမီးတွေကို ရွှေဘုံနန်းစံစေချင်တဲ့ အီဒူဂျာကတော့ လက်ဖျားမှာ ငွေသီးတဲ့ ယောက်ျားတွေကိုသာ အပိုင်ဖမ်းခိုင်းလေ့ရှိပါတယ်။ အဲဒီလိုနဲ့ပဲ ဟယ်ယွန်းနဲ့ ဂျောင်ဟွန်းတို့ကြား သူတို့ မိခင်တွေ ပါဝင်လာတဲ့အခါ... နှစ်ဖက် မိသားစု ဆက်ဆံရေးက ကတောက်ကဆတွေ ကြီးထွားလာခဲ့ပြီး.. သူတို့ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးကိုပါ ရိုက်ခတ်လာခဲ့ပါတယ်။ ဒီလိုမျိုး မိသားစု အခက်အခဲတွေ ကြားထဲကနေ အချစ်ပန်းလေးတွေ ဘယ်လိုပုံစံနဲ့.. ဖူးပွင့်ကြဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းတွဲလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြရအောင်ပါ။ ဇာတ်လမ်းအညွှန်းကို Htet Htet Oo မှ ရေးသားပေးထားပါတယ်။ Drama: Can We Get Married? Genres: Romance, Life, Drama Country: South Korea Episodes: 20 Aired: Oct 29, 2012 - Jan 1, 2013 Aired On: Monday, Tuesday Original Network: jTBC Duration: 56 min. Translated by Lucien, MayThet, YatiNaing, Emily, EiTun, HninWai, Han & KayZin Encoded by Heather Oo

အပိုင်းများ

20 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 20 အပိုင်း

ဇာတ်လမ်းအကြောင်း