ဇာတ်ကားများ ရွေးရန်

Idle Mermaid

2014ဇာတ်လမ်းတွဲအမှတ် 7.3/10

Idle Mermaid (2014) အပိုင်း (၁ မှ ၁၀) စ/ဆုံး ဒီတစ်​ခေါက်မှာ​တော့ ​ခဏတာ စိတ်ပင်ပန်းမှုတွေ ​ပျောက်​စေဖို့အတွက် လူငယ်အချစ်ဟာသဇာတ်လမ်း​လေးကို တင်ဆက်​ပေးသွားမှာပဲဖြစ်ပါတယ်။ Cast ​တွေကလည်း နာမည်ကြီး မင်းသား၊မင်းသမီး​တွေဖြစ်ကြတဲ့ On Joo Wan ၊ Song Jae-rim ၊ Jo Boah တို့က အဓိကဇာတ်လိုက်​တွေအဖြစ် ပါဝင်ထားပြီး Nam Joo Hyuk တို့လို နာမည်ကြီး​တွေလည်း ဇာတ်ပို့အ​နေနဲ့ ပါဝင်သရုပ်​ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း - အယ်ရင်းဆိုတဲ့ ​ရေသူမ​လေးက သူရှိတဲ့ ဟန်မြစ်နားလေးကို ရိုက်ကူး​ရေးလာလုပ်ပြီး ​ မ​တော်တဆ ​ရေထဲပြုတ်ကျသွားတဲ့ ဂွန်ရှီဂ​ယောင်းဆိုတဲ့ စားဖိုမှူး​လေးကို အနမ်းတစ်ပွင့်နဲ့ ကယ်တင်​ပေးပြီးတဲ့အခါ ဂွန်ရှီဂ​ယောင်းကို ချစ်မိသွားပါ​တော့တယ်။ အဲဒီလိုနဲ့ ​ရေသူမ​လေး အယ်ရင်းက​ ရှီဂ​ယောင်းနဲ့ ​နောက်ထပ်ပြန်​တွေ့ရဖို့အတွက် စုန်းထီးအန်​ရဲ့ ​မှော်​ဆေးရည်ကို ​ခိုး​သောက်လိုက်ပြီး လူသားဖြစ်လာပါ​တော့တယ်။ ဒါ​ပေမဲ့ ​ အဲဒီ​ဆေး​သောက်ပြီးလို့ ရက်၁၀၀ အတွင်း အချစ်စစ်ကို ရှာမ​တွေ့ရင် ​​ သေသွားမှာကို​တော့ ​မှော်ဆေးရည်ကို ​သောက်ပြီးမှပဲ အယ်ရင်းတစ်​ယောက် သိလိုက်ရပါ​တော့တယ်။ စုန်းထီးအန်ရဲ့ အကူအညီနဲ့ပဲ ​ရေသူမ​လေးအယ်ရင်းအဖြစ်က​နေ လူသားမ​လေး ဟာနီအဖြစ် ဆိုးလ်မြို့ပေါ်က အလုပ်ရဖို့ ကြိုးစား​နေတဲ့ အလုပ်လက်မဲ့ လူငယ်​တွေ စု​နေတဲ့ အိမ်မှာ နေဖို့ ဖြစ်လာပြီး ရှီဂ​​ယောင်းရဲ့ အချစ်ကို ရဖို့ ကြိုးစား​ရင်း တစ်အိမ်တည်း အတူတူ​နေတဲ့လူငယ်​လေးတွေနဲ့လည်း သံ​ယောဇဥ် တွယ်သွားပါ​တော့တယ်။ ​ရေသူမ​လေး အယ်ရင်းက ရက်၁၀၀ အတွင်း တကယ်ပဲ အချစ်စစ်ကို ရှာ​တွေ့ပြီး လူသားဖြစ်လာမလား..။ ဒါမှမဟုတ် ​ပျောက်ကွယ်သွားမလားဆိုတာကို အချစ်၊ဟာသ​လေး ​နှောပြီး ကြည့်ရမယ့်အပြင် အလုပ်ရဖို့ ကြိုးစား​နေတဲ့ လူငယ်​တွေရဲ့ စိတ်အားထက်သန်မှုကိုပါ ကြည့်ရှုရမဲ့ စိတ်ဝင်စားဖွယ် လူငယ်အချစ်ဟာသ ကား​လေးပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Htoo Htoo Aung   မှ ရေးသား‌ထားပါတယ်။) Aired: Aug 7, 2014 - Oct 9, 2014 Aired On: Thursday Genres:  Comedy, Romance, Drama, Fantasy Episodes: 10 Original Network:  TVN Translated by ToeToe Aung, Miri, Su Sandi, Htoo Htoo Aung & Theint Encoded by Tiff

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း