ဇာတ်ကားများ ရွေးရန်

Mama Fairy and the Woodcutter

2018ဇာတ်လမ်းတွဲအမှတ် 6.2/10

Mama Fairy and the Woodcutter (2018) အပိုင်း (၁ မှ ၁၆) စ/ဆုံး CM ပရိသတ်ကြီးတို့အတွက် ဒီတစ်ခါမှာတော့ ကိုရီးယားရိုးရာပုံပြင်တစ်ပုဒ်ဖြစ်တဲ့ သစ်ခုတ်သမားနဲ့ နတ်သမီးလေးပုံပြင်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း ဂိုလျောခေတ်မှာ ဆွန်းအို့နမ်အမည်ရှိတဲ့ နတ်သမီးလေးတစ်ပါးဟာ ကောင်းကင်ပေါ်ကနေ လူ့ပြည်က ရေတံခွန်ကြီးရှိရာ ဆင်းလာပြီး ရေလာချိုးရင်း သူမရဲ့နတ်သမီးတောင်ပံအဝတ်ကို ခိုးယူခံလိုက်ရတာကြောင့် ကောင်းကင်ဘုံကို ပြန်မသွားနိုင်ဘဲ လူ့ပြည်မှာ နေခဲ့ရရှာပါတယ် .. အဲဒီနောက်မှာတော့ နတ်သမီးလေးဟာ သူရဲ့နတ်သမီးတောင်ပံကို ခိုးယူသွားတဲ့သမင်တစ်ကောင်ကြောင့် သစ်ခုတ်သမားလေးနဲ့ သိသွားရပြီးနောက် အတူပေါင်းသင်းနေထိုင်ပြီး သားသမီးနှစ်ယောက်ထွန်းကားခဲ့ပါတယ် ။ တစ်နေ့မှာတော့ ခင်ပွန်းဖြစ်သူ သစ်ခုတ်သမားလေး တောင်ပေါ်ကပြုတ်ကျသွားပြီး သေဆုံးသွားတာကြောင့် နတ်သမီးလေးဟာ ကလေးနှစ်ယောက်နဲ့အတူ နှစ်ပေါင်း ၆၉၉ နှစ်ကြာအောင် ခင်ပွန်းဖြစ်သူ လူပြန်ဝင်စားဖို့ကို စောင့်ဆိုင်းရင်း မျက်မှောက်ခတ်ကို ရောက်ရှိလာပါတော့တယ်။ ဒီဇာတ်လမ်းလေးမှာတော့ နတ်သမီးဆွန်းအို့နမ်အဖြစ် Our Blues , Twinkling Watermelon ထဲမှ မင်းသမီးကြီး Ko Du-Shim နဲ့ The Princess's Man, Flower Of Evil ထဲမှ မင်းသမီးချော Moon Chae-Won  ဂျောင်အီဟျွန်းအဖြစ် Tunnel ,My Holo Love ထဲမှ Yoon Hyun Min ၊ ဂင်ဂွန်းအဖြစ် Begins Youth, My Lovely Liar ထဲမှ Seo Ji-Hoon တို့မှအဓိကပါဝင်ထားပြီး ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်ကြီးများစွာ အားဖြည့်ပါဝင်ပေးထားတာကြောင့် သစ်ခုတ်သမားနဲ့နတ်သမီးလေးရဲ့ ချစ်ဇာတ်လမ်းလေးကို Channel Myanmar နဲ့အတူ ကြည့်ရှုခံစားလိုက်ကြရအောင်ပါ။ Episodes: 16 Aired: Nov 5, 2018 - Dec 25, 2018 Aired On: Saturday, Sunday Original Network:  tvN Genres: Comedy, Romance, Drama, Fantasy Translated & Encoded by CM Team

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း