ဇာတ်ကားများ ရွေးရန်

My Merry Marriage

2024ဇာတ်လမ်းတွဲအမှတ် 8.8/10

My Merry Marriage (2024) အပိုင်း (၁ မှ ၁၂၅) စ/ဆုံး  မိသားစု ဇာတ်လမ်းတွဲရှည်တွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခေါက် အသစ်ထွက်ရှိလာတဲ့ My Merry Marriage ဆိုတဲ့ ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မိန်ဂုံဟီး(Park Ha Na)ဟာ J-Fashion ကုမ္ပဏီမှာ ဒီဇိုင်နာအဖြစ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး ကိုယ်ကျင့်စရိုက်အရဆိုရင်တော့ ထက်မြက်ပြီး ရဲရင့်တဲ့ အမေ့သွေးနဲ့ အားကစား စွမ်းရည်ရှိတဲ့ အဖေ့သွေးတွေ စီးဆင်းနေတဲ့ ကောင်မလေးပါ။ မိန်ဂုံဟီးမှာ မိန်ဂုံဘူလို့ ခေါ်တဲ့ ဆရာဝန် အစ်ကို တစ်ယောက်လည်း ရှိပါသေးတယ်။ ဂုံဟီးတစ်ယောက် J-Fashion ကုမ္ပဏီမှာ အလုပ်လုပ်နေရင်း ငယ်သူငယ်ချင်းဖြစ်သူ ဂူဒန်းဆူနဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ တကယ်တော့ ဒန်းဆူဟာ J-Fashion ကုမ္ပဏီက ဥက္ကဌကြီးရဲ့ မြေးဆိုလည်း မမှားပါဘူး။ ရေမြေရပ်ခြားမှာ နေထိုင်ရင်း လွတ်လွတ်လပ်လပ် ရှင်သန်ချင်တဲ့ ဒန်းဆူဟာ အမွေဆက်ခံရမဲ့ ကိစ္စရပ်တွေကြောင့် ကိုရီးယားကို ပြန်ရောက်ရှိလာပြီး ငယ်သူငယ်ချင်း မိန်ဂုံဟီးနဲ့ ပြန်လည်ဆုံတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ မိသားစု၊ အချစ်၊ အလွမ်းနဲ့ ဟာသ ရသလေးတွေ ရောနှောပြသတတ်တဲ့ ဇာတ်လမ်းတွဲရှည်တို့ရဲ့ သဘောသဘာဝ အပြင် ပျော်ရွှင်ခြင်းရဲ့ အဓိပ္ပာယ်ကိုပါ ပုံဖော်ပြသဦးမဲ့ ဒီဇာတ်လမ်းတွဲလေးကို တနင်္လာမှ သောကြာနေ့အထိ နေ့စဉ် စောင့်မျှော်အားပေးနိုင်ပါပြီ။ Main Cast တွေ အနေနဲ့ကတော့ Mysterious Personal Shopper, Fatal Promise စတဲ့ ဇာတ်လမ်းတွဲတွေထဲက မင်းသမီး Park Ha Naနဲ့ The Heavenly Idol ဇာတ်လမ်းတွဲထဲက မင်းသား Park Sang Namတို့က Main Cast အဖြစ် ပါဝင်ထားပါတယ်။ ဒါ့အပြင် Supporting Castအများစုကလည်း ပရိသတ်တွေ ရင်းနှီးပြီးသား သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ (အညွှန်းကို Treasure Htet မှ ရေးသားပေးထားပါတယ်) Episodes: 120 Aired: Oct 7, 2024 - Mar 21, 2025 Aired On: Monday, Tuesday, Wednesday, Thursday, Friday Original Network: KBS1 Genres: Family Translated by Toe Toe Aung, Thin, Sandi, Treasure Htet & Shwe Pyae Encoded by AHtet

အပိုင်းများ

125 အပိုင်း၊ season 4 season
ပြထားသည် 12 မှ 30 အပိုင်း

ဇာတ်လမ်းအကြောင်း