ဇာတ်ကားများ ရွေးရန်

Kill Me, Heal Me

2015ဇာတ်လမ်းတွဲအမှတ် 8.1/10

Kill Me, Heal Me (2015) အပိုင်း (၁ မှ ၂၀) စ/ဆုံး K-drama iconic memes တွေထဲက တစ်ခုဖြစ်တဲ့ Ji Sung က Park Seo-joon ကို ပန်းရောင်ဝတ်စုံကြီးနဲ့ အိုပါးလို့ ပြေးခေါ်တဲ့ကားလေးပါ။ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ Ji Sung , Hwang Jung-eum , Park Seo-joon တို့ Main lead အနေနဲ့ပါဝင်ထားပြီး Drama of the Year, Excellent Korean Drama စသဖြင့် အခြားသော ဆုများစွာကို ဆွတ်ခူးထားတဲ့ မရိုးနိုင်သော ကိုရီးယားဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း Cha Do-hyun (Ji Sung) ဟာ နာမည်ကြီးလုပ်ငန်းစုရဲ့ တတိယမြောက်ဆက်ခံသူဖြစ်သော်ငြားလည်း ငယ်စဉ်ဘဝက စိတ်ထိခိုက်စရာ အဖြစ်အပျက်တွေကြောင့် အတိတ်မေ့ကာ အကျင့်စရိုက် ၇ မျိုးရှိတဲ့ စိတ်ရောဂါကို ခံစားနေရသူတစ်ဦးပါ။ သူ့ရဲ့ရောဂါကို ကုသဖို့အတွက်ကနေ အကြောင်းတိုက်ဆိုင်စွာပဲ စိတ်ရောဂါအထူးကု ပထမနှစ်ကျောင်းသူလေး Oh Ri Jin(Hwang Jung-eum) က သူ့ရဲ့ ကိုယ်ပိုင်ဆရာဝန်ဖြစ်လာပါတော့တယ်။ Oh Ri Jin ရဲ့ အမြွှာအစ်ကိုဖြစ်သူ Oh Ri Jin(Park Seo-joon)ကတော့ လျှို့ဝှက်ဆန်းကြယ်ဝတ္ထုတွေကို ရေးတဲ့ နာမည်ကြီးစာရေးဆရာတစ်ဦးဖြစ်ပြီး Cha Do-hyun နဲ့ သူတို့ရဲ့လုပ်ငန်းစုကို လျှို့ဝှက်စုံစမ်းနေသူတစ်ဦးပါ။ ကြိုးချင်းထားကြိုးချင်းငြိဆိုသလို Cha Do-hyun ရဲ့ အကျင့်စရိုက်တွေထဲက တစ်မျိုးကို ဆရာဝန်မလေး Oh Ri Jin က ချစ်မိသွားခဲ့ပါတယ် ..  Cha Do-hyun ကို အကျင့်စရိုက်မျိုးစုံရောဂါ ခံစားလာရတဲ့အထိ ဖြစ်စေခဲ့တဲ့ ငယ်စဉ်ဘဝက စိတ်ဒဏ်ရာတွေက ဘာတွေများဖြစ်မလဲ.... အဲဒီစိတ်ဒဏ်ရာတွေကရော ဘယ်သူတွေနဲ့ ထပ်ပြီးတော့ ပါဝင်ပက်သက်နေကြဦးမလဲ..... Oh Ri On ကရော ဘာအတွက်နဲ့ အဲဒီလုပ်ငန်းစုကို စုံစမ်းနေရတာလဲ...... စသည်ဖြင့် မေးခွန်းများစွာ အရှုပ်အထွေးများစွာကို အတူတူရင်ဆိုင်ပြီး တစ်ရစ်ချင်းစီ ဖြေရှင်းသွားကြမဲ့ ဆရာဝန်မလေးနဲ့ အကျင့်စရိုက် ၇ မျိုးကို ပိုင်ဆိုင်ထားတဲ့လူတို့ကြားထဲက အချစ်တွေကို ဟာသလေးနှောပြီး ရယ်လိုက် ငိုလိုက် ကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲကောင်းလေးဖြစ်တာကြောင့် ခံစားကြည့်ရှုကြည့်ကြပါဦးနော်..... (အညွှန်းကို Yati Naing မှ ရေးသားပေးထားပါတယ်) Episodes: 20 Aired: Jan 7, 2015 - Mar 12, 2015 Aired On: Wednesday, Thursday Original Network: MBC Genres:Psychological, Comedy, Romance, Drama Translated by Estel, Yati Naing, May Thet, Lucien, Hsu , Hana, Phyu & Alice Encoded by AHtet

အပိုင်းများ

20 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 20 အပိုင်း

ဇာတ်လမ်းအကြောင်း