ဇာတ်ကားများ ရွေးရန်

The Boyfriend (S1+S2)

2026ဇာတ်လမ်းတွဲအမှတ် 8.4/10

The Boyfriend S2 (2026) အပိုင်းသစ် (1 မှ 15) စ/ဆုံး Netflix ရဲ့ နာမည်ကြီး Gay Dating Show ဖြစ်တဲ့ "The Boyfriend" Season 2 ကတော့ ဒီနေ့မှာပဲထွက်ရှိလာပါပြီ။ နှင်းပွင့်လေးတွေ တစ်ပွင့်နဲ့ တစ်ပွင့် မတူညီကြသလိုပဲ ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းရဲ့ ဆောင်းရာသီမှာ အမျိုးသား ၁၀ဦးရဲ့ မတူကွဲပြားတဲ့အချစ်ဇာတ်လမ်းတွေက စတင်လာတော့မှာဖြစ်ပါတယ်။ အသက်၂၀ ကနေ ၄၀ ကြားရှိတဲ့ အမျိုးသားလေးတွေဟာ "Green Room" လို့ခေါ်တဲ့ အိမ်လေးမှာ ၂ လကြာအတူနေထိုင်ပြီး သူတို့ရဲ့ စံပြလက်တွဲဖော်ကို ရှာဖွေကြမှာပါ။ နှင်းလျှောစီးတာ နှင်းအိမ်ထဲမှာ စကားပြောတာတွေအပြင် ကော်ဖီကားလေးကိုပါ အလှည့်ကျ အတူမောင်းနှင်ကြရင်းနဲ့ သူတို့ကြားက သံယောဇဉ်တွေ ဘယ်လိုကြီးထွား ခိုင်မြဲလာမလဲဆိုတာကို အပိုင်း 15 ပိုင်းလုံး အေးအေးလူလူဖျော်ရတဲ့ Drip Coffee လေးလိုပဲ စောင့်စားရကျိုးနပ်စေမယ့် reality showဖြစ်လို့ ရင်တဒိတ်ဒိတ်နဲ့ ကြည့်ရှုလိုက်ကြပါဦးနော်။ ပထမအပတ်မှာ ၆ ပိုင်း ထွက်ရှိမှာဖြစ်ပြီး နောက်အပတ်တွေမှာ တစ်ပတ်ကို ၃ ပိုင်းစီ ထွက်ရှိသွားမှာပဲဖြစ်လို့ စောင့်မျှော်ပေးကြပါဦးနော်။ Aired: Jan 13, 2026 - Feb 3, 2026 Aired On:  Tuesday Genres: Romance, Dating Show, Reality Show Episodes: 15 Original Network: Netflix

အပိုင်းများ

26 အပိုင်း၊ season 3 season

ဇာတ်လမ်းအကြောင်း