ဇာတ်ကားများ ရွေးရန်

Wizards Beyond Waverly Place

2024ဇာတ်လမ်းတွဲအမှတ် 9.6/10

Wizards Beyond Waverly Place (2024) အားလုံးသိကြတဲ့အတိုင်း အသည်းကျော်လေး Selena Gomez ဆိုတာ ငယ်စဉ်ဘဝတုန်းက Disney ကလေးချန်နယ်တွေကနေ တက်လာတဲ့ အဆိုတော်/သရုပ်ဆောင်တစ်ယောက်ပါ။ အဲဒီမှာ ၂၀၀၇ ခုနှစ်တုန်းက မှော်ဆရာ မိသားစု ဟာသ Sitcom (Wizards of Waverly Place) လေးမှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခု ၂၀၂၄ ခုနှစ်မှာတော့ သူလည်း ဆရာကျနေပြီဆိုတော့ သူကိုယ်တိုင် ထုတ်လုပ်၊ သူကိုယ်တိုင် ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပြန်လာပြီး ဒီFamily Comedy Sitcom လေးကို အသစ်ဖြစ်စေခဲ့ပါတယ်။ ဒီမှာကျ သူ့အစ်ကို မိသားစုအကြောင်း အဓိက ဦးတည်ပြသွားမှာပါ။ ဇာတ်လမ်းလေးကတော့ ဂျက်စတင်ဆိုတာ မှော်ကျောင်းကနေ အလုပ်ပြုတ်လာပြီး မှော်ပညာတွေစိတ်နာကာ မိသားစုကိုလည်း သူက မှော်ဆရာဆိုတာ မပြောပဲ ဇာတ်မြုပ်နေထိုင်နေတဲ့ ဖခင်တစ်ယောက်ပါ။ သားနှစ်ယောက်ဖြစ်သူကလည်း သိတဲ့အတိုင်း အရွယ်မကွာတော့ ဘုနဲ့ဘောက်ပေါ့။ တစ်နေ့ကျ သူ့မွေးနေ့မှာ ညီမဖြစ်သူ (Selena Gomez) က ဘယ်ကမှန်းမသိတဲ့ ဘီလီဆိုတဲ့ ကောင်မလေးတစ်ယောက်ကို ခေါ်လာပြီး အိမ်ကိုရောက်ချလာပါလေရော။ ဒီဘီလီဆိုတာ မှော်ကျောင်းမှာ ဆရာတိုင်းက လက်လန်ပြီး သြချထားရတဲ့ ဆိုးသွမ်း မှော်ကျောင်းသူလေးမို့ သူ့အစ်ကိုတော့ သင်ကြားပေးနိုင်မှာပဲဆိုပြီး ဇွတ်အတင်း ထိုးအပ်သွားတဲ့အခါမှတော့ မိန်းမဖြစ်သူ သားနှစ်ယောက်နဲ့ ဘယ်လိုတွေ ဖြစ်ကြမလဲဆိုတာ ကြည့်ရမယ့် မိသားစု ဟာသ Sitcom လေး ဖြစ်ပါတယ်။ (Sitcom ဆိုတာ နောက်က ရယ်မောသံတွေပါတဲ့ စီးရီးအမျိုးအစားတစ်မျိုးပါ) (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File Size – 800MB (Appx;)@Episode Quality – 1080p WEB DL Duration –30minute (@Episode) Total Episodes:Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Comedy, Sci-Fi & Fantasy, Family Translator – Thura Aung Encoder – YK

အပိုင်းများ

11 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း