ဇာတ်ကားများ ရွေးရန်

Brewing Love

2024ဇာတ်လမ်းတွဲ

Brewing Love (2024) ရိုမန့်စ်ဘုရင်မဖြစ်တဲ့ Business Proposal ထဲက မင်းသမီး Kim Se-jeong နဲ့ Knight Flower ထဲက မင်းသား Lee Jong-won တို့ရဲ့ ရိုမန့်တစ်ဆန်ဆန် ဇာတ်ကားသစ်လေး ထွက်ရှိလာပါပြီ။ -ဇာတ်လမ်းအညွှန်း- ချယ်ယုံးဂျူ (Kim Se-jeong) ဟာ သွက်လက်တက်ကြွပြီး စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်သော်ငြား ခံစားချက်အမှန်ကို အမြဲဖုံးကွယ်ထားတတ်တဲ့သူလေးပေါ့။ လက်ရှိမှာတော့ ယမကာကုမ္ပဏီမှာ အရောင်းဝန်ထမ်းအဖြစ်လုပ်ကိုင်ရင်း အရောင်းဘုရင်မရာထူးကို ရရှိထားသူပီပီ အလုပ်အရမ်းကြိုးစားပေမဲ့လည်း သူမလုပ်ကိုင်တဲ့ဌာနခွဲဟာ ပိတ်သိမ်းခံရမဲ့ ကိန်းစိုက်လာပါတော့တယ်။ သူမဟာ ဌာနပိတ်သိမ်းခံရမှာကို ကာကွယ်ဖို့အတွက် ဘီယာအသစ်ရောင်းချဖို့ ဆုံးဖြတ်ချက်ချပြီး ဘီယာချက်သူ တစ်ဖြစ်လဲ ဘီယာထုတ်လုပ်ရေးကုမ္ပဏီပိုင်ရှင် ယွန်းမင်ဂျူ (Lee Jong-won) နဲ့ ဆုံဖို့ဖြစ်လာပါတော့တယ်။ စိတ်ဆတ်ပေမဲ့ တခြားသူရဲ့ စိတ်ခံစားချက်ကို ကောင်းကောင်းအာရုံခံနိုင်တဲ့သူဖြစ်တဲ့ ယွန်းမင်ဂျူရှေ့ကို ချယ်ယုံးဂျူတစ်ယောက် ရောက်ရှိလာတဲ့အခါမှာတော့ သူ့ဘဝဟာ စတင်ပြောင်းလဲလာပါတော့တယ်။ ဒီလိုနဲ့ အရောင်းသမလေးနဲ့ ဘီယာချက်တဲ့ကောင်လေးတို့ကြား ဘယ်လိုတွေဆက်ဖြစ်ပြီး ချစ်ခြင်းတွေပေါက်ဖွားလာမလဲဆိုတာကို CM Team နဲ့အတူ ရင်ခုန်စွာနဲ့  ကြည့်ရှုလိုက်ကြရအောင်နော်။ (အညွှန်းကိုတော့  Hsu Pyae မှ ရေးသား‌ထားပါတယ်။) Aired: Nov 4, 2024 - ? Aired On: Monday, Tuesday Genres: Comedy, Romance, Drama Episodes: 12 Original Network: ENA Translated by Hnin Wai Oo, Yati Naing , Theint, Kay Zin & KhinNi Encoded by Tiff

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း