ဇာတ်ကားများ ရွေးရန်

Mr. Plankton

2024ဇာတ်လမ်းတွဲ

Mr. Plankton (2024) အခုထွက်မဲ့ Mr. Plankton ကတော့ It’s Okay to Not Be Okay ရဲ့ ဇာတ်ညွှန်းရေးဆရာမနဲ့ Juvenile Justice ဒါရိုက်တာ နှစ်ဦး ပူးပေါင်းထုတ်လုပ်ထားတာမို့ ခံစားချက်တွေ ရောပြွန်းနေတဲ့ အချစ်ဒရမ်မာဟာသ စီးရီးတစ်ခုပဲဖြစ်ပါတယ်။ ကိုရီးယား အက်ရှင်ကားတွေရဲ့ ပင်တိုင်မင်းသားချော ဝူဒိုဟွမ်၊ Squid Game ထဲက သရုပ်ဆောင်ချက်ကြောင့် နာမည်တက်လာတဲ့ မင်းသမီး အီယူမီနဲ့အတူ ဒိတ်ဒိတ်ကြဲ ဇာတ်လမ်းတွေမှာ ခက်ခဲတဲ့ ဇာတ်ကောင်တွေကိုပဲ ရွေးသရုပ်ဆောင်တတ်တဲ့ မင်းသားကြီး အိုဂျောင်ဆယ်တို့ ပါဝင်ထားတာဖြစ်လို့ ဇာတ်လမ်းကတော့ သာမန်ဇာတ်လမ်းတွေနဲ့ မတူဘူးဆိုတာ မြေကြီးလက်ခတ်မလွဲပြောနိုင်ပါတယ်။ ဇာတ်ကောင်မိတ်ဆက် • နောက်ဆုံးအဆင့် ဦးနှောက်အကြိတ်ရောဂါကို ရရှိနေပြီဖြစ်ကြောင်း သတင်းကြားထားတာကြောင့် ကျန်ရစ်တဲ့ အချိန်တိုအတွင်းမှာ ဘဝကို ကိုယ်စိတ်ရှိတိုင်း ပျော်သလိုနေဖို့ ဆုံးဖြတ်ထားတဲ့ ဟယ်ဂျို။ • အမေတစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိသော်ငြား အချိန်မတိုင်ခင် သွေးဆုံးနေကြောင်း မိမိကိုယ်ကို သိရှိလိုက်ရတဲ့ (ဟယ်ဂျိုရဲ့ ရည်းစားဟောင်းတစ်ဖြစ်လဲ) သတို့သမီးလောင်း ဂျယ်မီ။ • မင်္ဂလာဆောင်မဲ့နေ့မှာ ဟယ်ဂျိုက သူ့ဇနီးလောင်းလေးကို ပြန်ပေးဆွဲလိုက်တာကြောင့် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားရတဲ့ ချစ်စရာ သတို့သားလေး အောဟွန်း။ မိသားစု တည်ထောင်လို့မရတဲ့ ဟယ်ဂျို၊ ကမ္ဘာ့ကံအဆိုးဆုံး သတို့သမီးလောင်း ဂျယ်မီ၊ ဖြူစင်တဲ့အချစ်ကို ရှာဖွေနေတဲ့ အမေကြောက်သားလေး အောဟွန်း.... သူတို့ ၃ ဦးရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဟာ ဘယ်လိုရှေ့ဆက်မလဲ..။ ဘယ်လို ဟာသစွန့်စားခန်းမျိုးကို မြင်တွေ့ရမလဲဆိုတာ လက်မလွတ်စတမ်း ရှုစားလိုက်ရအောင်နော်။ (အညွှန်းကိုတော့ Esth မှ ရေးသား‌ထားပါတယ်။) Aired: Nov 8, 2024 Aired On: Friday Genres: Comedy, Romance, Drama Episodes: 6 Original Network: Netflix Translated by Yati Naing, Wutyi, Lucien, Shwe Pyae, Theint & Emily  Encoded by Tiff & AHtet

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း